♠Part 10♠

565 31 0
                                    

Unicode✨
သခင့်စေရာ...🖤

♠ Part 10♠

"ငါသူနဲ့ ကွဲသွားခဲ့တာ ၇ နှစ်သားလောက်ကတည်းကပဲ"

"ငါ့အိမ်နဲ့ကပ်ရပ်​ဘေးအိမ်ကိုစပြောင်းလာတုန်းကဆို 'Kavin'့ကိုငါမိန်းကလေးလို့တောင် ထင်မိတယ်"

"ဘာ သခင်လေးကိုမိန်းကလေးလို့ထင်တယ်လား?"

"ဟုတ်တယ် သူစရောက်တုန်းကဆို နို့နှစ်ရောင်အသားအရည်ကို အဝါရောင်အင်္ကျီကလဲဝတ်ထားသေးတော့ သူ့ကိုအဝေးကနေတောင် ထင်းခနဲမြင်နေရတာ..။
ဆံပင်ကခပ်အုပ်အုပ်ကလေးအပြင်ဖြူသွယ်သွယ်ခြေထောက်ကလေးတွေ ပြီးတော့ တခြားအရာတွေထက် သူ့ကိုမိန်းကလေးလို့ ထင်စေမိတဲ့အဓိကအချက်ကတော့ သူ့ရဲ့နှုတ်ခမ်းကလေးပဲ"

"နှုတ်ခမ်း?"

"ဟုတ်တယ် သူ့နှုတ်ခမ်းလေးက လခြမ်းကွေးကလေးလိုပဲကွေးညွတ်နေပြီး ခပ်ဖူးဖူးနဲ့အခုံးမရှိတဲ့နှုတ်ခမ်းကလေးက ပန်းရောင်ကလေးသမ်းနေတာ အဲ့နှုတ်ခမ်းလေးကမှ သူ့ကိုမိန်းကလေးလို့ငါ့ကိုထင်စေခဲ့တာ"

"အာ..အဲ့ပုံစံလေးက သခင်လေးနဲ့အတော်လိုက်မှာပဲ ဒါပေမဲ့အခုသခင်လေးကအဲ့တုန်းကလိုချစ်စရာ သခင်လေးမဟုတ်တော့ဘူးဆိုတော့လဲ ဘယ်တတ်နိုင့်ပါ့မလဲနော.."

"အင်း...သူငယ်ချင်းမဖြစ်ခင်တုန်းကတောင် သူကအိမ်ထဲကနေ ငါ့ကို ခဏခဏပြုံးပြတယ် အဲ့အပြုံးကနေသူငယ်ချင်းဖြစ်ဖို့စတင်ခဲ့ချိန် သူနဲ့ငါက မူကြိုအရွယ်ကလေးပဲရှိနေကြသေးတဲ့အချိန်ပေါ့.."

လွန်ခဲ့သော 17နှစ်က...☀🏡

"သားရေ.. 'Thyme'ထမင်းစားရအောင်လေ ဘောလုံးကိုထားခဲ့တော့"

"လာပါပြီခင်ဗျ"

"ကျွီ..(ကားရပ်သံ)"

'Thyme'ဘောလုံးကိုထားကာ အိမ်ထဲဝင်ရန်ပြင်နေတုန်း ဘေးအိမ်သို့ဆိုက်ရောက်လာ
သည့်ကားတစ်စီးအား ကလေးပီပီစပ်စုကြည့်မိသည်။

"သား ဒီအိမ်ကအမေတို့အိမ်ပဲ ဆင်းခဲ့တော့နော် သားအိတ်တွေလဲသယ်ခဲ့"

Honda ကားအဖြူပေါ်က ဆင်းလာသည့်အဒေါ်ကြီးတစ်ယောက်က ကားမှန်ကနေတစ်ဆင့် Passenger seat(မောင်းသူနေရာ၏ဘေးတွင်ရှိသောခုံ)တွင်ထိုင်နေသူအားပြောနေခြင်းပင်..။

သခင့်စေရာ(My Master's Bodyguard)🖤Opowieści tętniące życiem. Odkryj je teraz