Part 11

2.3K 269 24
                                    

ရိုလာကိုစတာစီးဖို့Heoseok hyungနဲ့အတူတန်းစီနေရာမှ

''Hyung ဟိုဟာပိုပျော်ဖို့ကောင်းတယ်သွားစီးရအောင်''

Yoongiကို လက်ဆွဲကာတိုက်ကားကွင်းဘက်ထွက်သွားတဲ့Jimin
Hepseokလေးကတော့ဘာမှမသိရှာဘဲ ကျန်ခဲ့လေသည်

နှစ်ယောက်သား တိုက်ကားတစ်ယောက်တစ်စီးမောင်းကာ အချင်းချင်းလိုက်တိုက်နေကြပြီးပျော်နေတဲ့Yoongi နဲ့ Jiminနှစ်ယောက်

တိုက်ကားစီးပြီး Jimin ပူဆာရာ အာသာပူစီ ဆိုင်ရောက်လာပြန်သည်
ခရမ်းရောင် အသည်းပုံ အာသာပူစီကို ခုံမှာထိုင်ကာနှစ်ယောက်အတူစားရင်းကြည်နူးနေကြလေသည်
••
Heoseok ခြေထောက်တွေတောင်မခိုင်တော့
ခြေလှမ်းတစ်လှမ်းလှမ်းဖို့မနည်းအားယူနေရသည် အသံတွေလည်းမရှိတော့ လက်ထဲကSpriteဘူးလေးကိုကြိကာ
ဖျော့တော့နေတဲ့အသံနဲ့

''အဆင်ပြေရဲ့လား''

Spriteဘူးအားနားကပ်ကာအဆင်ပြေမပြေစမ်းသပ်နေတဲ့Heoseok

''Hyung ဘာလုပ်နေတာလဲ''

Heoseok ဖင်ထိုင်ရက်ပြုတ်ကျသွားလေသည်  Taeကသူ့လက်ညှိုးကိုကြိကာအံ့သြသွားလေသည် သူလက်ညှိုးလေးနဲ့ဖွဖွလေးတို့လိုက်တာ Heoseok ပြုတ်ကျသွားတယ်ဆိုတော့

''WoW Taeလက်ညှိုးအစွမ်းအံ့မခန်းပါလား''

Jungkookက Taeလက်လေးအားကိုင်ကာပြောလေသည် Taeကတော့ရှက်သွေးဖြာလျက်

''ဟျောင့်တွေ ငါ့ရှေ့လာရိုမနေကြနဲ့ငါ့လာထူအုံးထမရဘူး''

သနားစရာကောင်းသူ အမောင်Heoseokအား
Taeနဲ့Jungkookကထူပေးလိုက်လေသည်
အာသာပူစီစားလို့ကုန်တော့ရောက်လာကြတဲ့Jiminနဲ့Yoongi

''Hyung ရိုလာကိုစတာ စီးလို့ကောင်းရဲ့လား''

Jiminကရီကြဲကြဲပြောလေသည်

''Yrrr Park Jimin မင်းငါ့ကိုသက်သက်လုပ်ကြံတာမလား ဟန်''

''Nae''

Jimin ကပြုံးကာ ခေါင်းညိမ့်ပြလေသည်

''Yrrrrrrr ငါမင်းကိုသတ်မယ်''

HeoseokကJiminကိုထုဖို့လာတော့JiminကYoongiနောက်ဝင်ပုန်းလိုက်လေသည်
Yoongiကလည်းJiminအားကာပေးထားပြီး Heoseokအားမျက်ထောက်နီကြီးနဲ့ကြိလေသည်

Mʏ Lᴏᴠᴇʟʏ Dᴇᴍᴏɴ(ᶜᵒᵐᵖˡᵉᵗᵉ)S1Where stories live. Discover now