1

34.9K 1.5K 98
                                    

[ဇာတ်လမ်းတွင်ပါဝင်မည့် ယဥ်ကျေးမှုနှင့်နောက်ခံအကြောင်းအရာများသည် ဖန်တီးသူ၏ စိတ်ကူးသပ်သပ်သာဖြစ်သည်]

xxx

1960 ခုနှစ်၊ ကိုရီးယားနိုင်ငံ။

ဖြန်း .. ဖြန်း .. ဖြန်း .. ဖြန်း

အခန်းထဲမှာအိပ်ပျော်နေတုန်း ကြားလိုက်ရတဲ့ အသံတွေကြောင့် လီဆာငုတ်တုပ်ထထိုင်ရက်သားဖြစ်သွားသည်။

"ဆိုဟေးရှိလား ဆိုဟေး "

သူ့အော်သံကြောင့် ဆံပင်ကိုအလည်ခွဲပြီး တစ်ဖက်တစ်ချက်စီ ကလစ်တွယ်သိမ်းထားတဲ့ ကောင်မလေးက ကပိုကယိုနဲ့သူ့အခန်းထဲပြေးဝင်လာသည်။

" မမလေး နိုးပါပြီလား "

" အပြင်က ဘာအသံတွေလဲဆိုဟေး "

" ဟို .. ဟို အခွန်ပုံမှန်မဆက်နိုင်တဲ့သူတွေပါ မမလေး အဲ့တာကြောင့် သခင်ကြီးကအပြစ်ပေးပြီး ..

" ကြာပွတ်နဲ့ရိုက်ပြန်ပြီလား "

သူ့ရဲ့ခပ်ဆတ်ဆတ်အသံအား ဆိုဟေးက မဝံ့မရဲ ခေါင်းငြိမ့်ပြရှာတယ်။

လက်ရှိကိုရီးယားနိုင်ငံမှာ နိပွန်လူမျိုးများ၏လက်အောင်တွင်ဖြစ်ရဲ့။ ပြည်တွင်းစစ်ကြောင့်နိုင်ငံဖရိုဖရဲနဲ့ ပြည်သူတွေ  အပြေးအလွှားစစ်ဒဏ်ခံရပြီးတဲ့နောက်မှာ သူတို့နိုင်ငံဟာ နိပွန်လက်အောက် လုံးလုံးလျားလျားကျသွားတာပဲ။

နိပွန်စာတတ်ပြီး ကောလိပ်ကျောင်းမှာ ထက်ထက်မြက်မြက်ရှိတဲ့ ကိုရီးယားလူမျိုးကျောင်းသားတွေကို နိပွန်တွေက လက်သပ်မွေးတယ်။ ပြီးလျှင်ရာထူးသင့်တော်ရာပေးပြီး သူတို့လက်အောက်တွင်သစ္စာခံခိုင်း၏။ လီဆာ့ အဖေဟာလည်း ထိုထဲကတစ်ယောက်။ နောက်ပြီးအဖေဟာ ဆိုးလ်မြို့ရဲ့မြို့တော်ဝန် လည်းဖြစ်ရဲ့။

လီဆာက မြို့တော်ဝန်ရဲ့တစ်ဦးတည်းသောသမီးမို့ အဖေကအားထားတယ်။ အမေ့မျက်နှာကိုတော့ လီဆာမှတ်မိနိုင်စွမ်းမရှိတော့ပါ။ အိမ်ထောင်ကျပြီး နိပွန်ကိုတော်လှန်လိုတဲ့အမေနဲ့ နိပွန်လက်အောက်မှာအသားကျနေတဲ့အဖေဟာ သဘောထားမတိုက်ဆိုင်မှုတွေရှိခဲ့တယ်လို့ အဖေကပြောပြတယ်။ နောက်တော့ အမေက လသားအရွယ်လီဆာကို အဖေ့ဆီထားပစ်ခဲ့ပြီး အိမ်ကထွက်သွားကာ လက်နက်ကိုင်တိုက်ပွဲတစ်ခု၌ သေဆုံးသွားခဲ့သည်တဲ့။

Daisy ; Blooms in 1960Where stories live. Discover now