11

7.6K 933 57
                                    

ကင့်ကိုပွေ့ဖက်ထားရတဲ့ခနမှာ လီဆာက အခန်းငယ်တစ်ခုရဲ့ အတွင်းနံရံနွေးနွေးတွေကြား မတ်တပ်ရပ်နေရသလို ခံစားချက်မျိုးဖြစ်ပါတယ်။ တကိုယ်လုံးနွေးထွေးနေပြီး ခန္ဓာကိုယ်ထဲက အကြောအားလုံး ပြေလျော့သွားသလိုမျိုး။

ကင့်ရဲ့ကိုယ်သင်းနံ့ကို နီးနီးကပ်ကပ်ရှူရှိုက်မိ
တော့ ရှိန်းခနဲဖြစ်သွားတဲ့သွေးကြောတွေနဲ့အတူ ကင့်ပုခုံးတွေပေါ်သိုင်းဖက်ထားတဲ့ လီဆာ့ရဲ့ လက်မောင်းတွေမှာ ကြက်သီးမွှေးညှင်းတွေ ထ လာရသည်။

ကင်ဟာအဲ့သလောက်ထိ သက်တောင့်သက်သာဖြစ်စေတာပါ။ နောက်ပြီးကင်က လီဆာ့ရဲ့ဗလာဖြစ်နေခဲ့တဲ့စိတ်အပေါက်တွေကို ပွေ့ဖက်မှုတစ်ခုနဲ့တင်ဖြည့်ပေးနိုင်သလို တစ်ပြိုင်ထဲမှာပဲ ဒီအနွေးဓာတ်ထဲ ထာဝရပိတ်မိချင်စိတ်ပါဖြစ်ပေါ်လာစေတယ်။ လီဆာ့ကိုပြန်ဖက်တွယ်လာခြင်းမရှိပေမယ့် လီဆာ့လက်မောင်းတွေကြား ငြိမ်သက်စွာ ရှိနေပေးတာလည်း ချစ်စရာ။

ကင့်လက်ဖဝါးတွေက လီဆာ့ဝမ်းဗိုက်ကိုပြန်တွန်းလွှတ်လာတော့ လီဆာဖက်ထားတာကို အားနည်းနည်းပိုထည့်ရင်း တင်းတင်းဖက်ပစ်လိုက်သည်။ ကင်နောက်တစ်ကြိမ်ရုန်းကန်လာတော့မှ လီဆာလွှတ်ပေးဖြစ်သည်။ ရင်ခွင်ထဲက ကင်ပြန်ထွက်သွားသည့်တိုင်အောင် အနွေးဓာတ်ဟာရင်ဘတ်ဆီမှာကျန်နေခဲ့ပြီး ဦးနှောက်ကတော့ ခံစားချက်ကိုအလွတ်မှတ်နေသည်။


" ထိုင်တော့လေ မတ်တပ်ကြီးဘာလုပ်နေတာလဲ "

" ကျေးဇူးတင်ပါတယ်.. ကင် "

ကင်က ခေါင်းငြိမ့်ပြသည်။

" လီလီ က တကယ်တော့..

ဒေါက်_ဒေါက်

" မမ အောက်မှာ မစ္စတာဂျွန် ရောက်နေတယ်.."

အပြင်ဘက်ကအစ်မချယ်ယောင်းရဲ့စကားသံကိုကြားလိုက်ရပြီး အောက်ထပ်ကိုပြန်ဆင်းသွားတဲ့ ခြေသံကိုပါကြားရသည်။ တစ်ဆက်ထဲမှာ ကင့်ဆီကသက်ပြင်းချသံကိုလဲ ကြားလိုက်ရတယ်လို့ လီဆာထင်မိပါတယ်။

Daisy ; Blooms in 1960Where stories live. Discover now