* Blind Date *

860 97 0
                                    

အခုတစ်လော Internet ကနေ Blind Date လုပ်ကြတာ
ခေတ်စားနေတယ် မလား

နည်းနည်းစွန့်စားရာရောက်ပေမယ့်
ကျနော်ဒါကို စမ်းကြည့်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်

တစ်နေ့တော့ ကျနော့်ထက် အသက် သုံးနှစ်ပိုကြီးတဲ့
လူတစ်ယောက်နဲ့ online dating website တစ်ခုမှ စကားစမြည်ပြောရင်း ရင်းနှီးတာထက် ပိုလာ ကြတယ်ပေါ့

ကျနော့်ဘက်ကလည်း pf မတင်
သူ့ဘက်ကလည်း pf မတင်
ဒါက online blind date ပါပဲ

နာမည်နဲ့အကြောင်းအရာကို မိတ်ဆက်တဲ့အခါလည်း
ရိုးရိုးရှင်းရှင်းတစ်ခုကိုသာ ရွေးချယ်ပြီး ပြောလိုက်သည်

သူ့ဘက်က ပြန်ပြောလာသည့် အလုပ်အကိုင်နဲ့ နာမည်က လည်း အစစ် ဖြစ်ချင်မှ ဖြစ်မည်
ကျနော်ကိုယ်တိုင်ကလည်း အမှန်မှ မပြောပဲ

တစ်ဖက်က လူရဲ့ ပုံပန်းသွင်ပြင်ကို ခန့်မှန်းရင်း
ရင်ခုန်နေရတဲ့ ခံစားချက်ကို က blind date ရဲ့ အရသာ
မဟုတ်ပေလား

ရက်သတ္တပါတ်အချို့ကြာတဲ့ အထိ ကျနော်တို့ နှစ်ယောက်ရဲ့
Dating Time လေးက သာသာယာယာနဲ့
တစ်စတစ်စ ပိုမို ပြီး ရင်းနှီးလာကာ သံယောစဉ် ပင်
တွယ်မိနေကြပြီဖြစ်တယ်

ကျနော့်ရဲ့ အလုပ်တာဝန်တွေပြီးတဲ့အခါ
အလျင်အမြန်ပဲ ထိုသူနဲ့ စကားပြောဖို့ Lap Top ရှေ့ အပြေးထိုင်မိသည်

ထိုသူနှင့် စကားပြောရသည့် အချိန်တွေမှာဆို
တစ်လောကလုံး မှာ နှစ်ယောက်ထဲ ရှိနေတာလား ဟူသည့်
ရွှင်ရွှင်မြူးမြူးစိတ်တို့က အမြဲ ဝင်နေတတ်သည်

အသေးစိတ်အရာလေးတွေက အစ ကျနော်နှင့် အပေးအယူ တည့်လွန်းသည်
ရုပ်ရည်အသွင်အပြင်ကို ခန ဖယ်ပြီး တွေးရင်း
သေချာပါတယ် ဒီလူက ကျနော့်အတွက် မွေးဖွားလာတာ

ဒါပေမယ့် ကျနော်တို့နှစ်ယောက်ကြားထဲက စည်းကမ်းချက်တစ်ခု

သုံးလ ပြည့်တဲ့အခါ video call ဖွင့်ပြီး
အချင်းချင်း ပြန်မိတ်ဆက်ရန်

ထိုမှ သဘောကျရင်လည်း အပြင်မှာပါ Date ဖြစ်မည်ပေါ့

ဒီနေ့က ကျနော်နဲ့ သူ Online Chatting မှတစ်ဆင့်
Date လာခဲ့တာ သုံးလ ပင် ပြည့်ပြီ

YoonMin [ Short Stories - 2 ]Where stories live. Discover now