နွေရွက်ကြွေတို့က လေအတိုက်မှာဝေ့ကာဝိုက်ကာ ကြွေကျလာသည်။မနက်ကမှခြံထဲကိုအပြောင်သိမ်းထားပေမယ့် သစ်ရွက်ခြောက်တို့က မြေပြင်ထက်မှာ ပြေးလွှားဆော့ကစားနေကြသည်။သစ်ရွက်ကြွေလေးများနဲ့အတူပျံသန်းနေတဲ့ ပုစဉ်းငယ်လေးတွေကိုလိုက်ဖမ်းဆော့ကစားနေတဲ့ ကြောင်လေးတစ်ကောင်က ခုန်စွခုန်စွလုပ်နေသေးသည်။
ခြံထောင့်မှာစိုက်ထားတဲ့ပိတောက်ပင်က အဖူးအပွင့်စုံလင်နေသည်။ပိတောက်ပင်မှ အခက်အလက်တွေက ဝေဝေဆာဆာရှိလှ၏။သစ်ကိုင်းကြီးတစ်ခုကို ကြိုးတစ်ထက်တစ်ချက်စီဆွဲကာ လုပ်ထားတဲ့ဒန်းငယ်လေးကလည်း ထိုင်မယ့်သူမရှိသေးသဖြင့် လှုပ်ရဲ့ရဲ့သာရှိနေသည်။
"ကိုကိုကြီး....ကိုကိုကြီး"
"ဟေ..ဘာလဲပူစူးမရဲ့ အလန့်တကြားနဲ့ဘာလို့အဆက်မပြတ်ခေါ်နေတာလဲဟ။တကယ်ပါပဲ"
"အမယ်..ကိုကိုကြီးက ဘယ်သူ့အကြောင်းကိုတွေးနေလို့ ပူစူးမခေါ်တာကို မကြားရတာလဲ။"
"ဘယ်သူ့အကြောင်းမှမတွေးပါဘူး ပူစူးမရယ်။နင်ဟင်းရွက်ခြွေနေတာမလား။မပြီးသေးဘဲနဲ့ ငါ့ကိုဝေဖန်မနေနဲ့။မြန်မြန်လုပ်။ခနနေလို့...မွန်းမံအိပ်ရာနိူးလာရင် ဘာမှမကျက်သေးဘူးလားဆိုပြီး အဆူခံနေရမယ်"
ကိုကိုကြီးလွန်းတံခနဲ့ကိုကိုလေးမွန်းမံခတို့က ညီအစ်ကိုအရင်းနှစ်ယောက်သာဆိုတယ် စိတ်သဘောထားချင်းရော နေတာထိုင်ကအစ တစ်နေရာဆိုတစ်နေရာမှမတူ။တူတာတစ်ခုဆိုရင်ကိုကိုကြီးရော ကိုကိုလေးရောက အရမ်းချောတာပဲဖြစ်ပါတယ်။
ကိုကိုလေးမွန်းမံဆိုရင် ဆယ်တန်းပြီးခါစသာဆိုပေမယ့် အသက်သုံးနှစ်လောက်ကွာတဲ့ကိုကိုကြီးလွန်းတံနဲ့က အရပ်ချင်းမတိမယိမ်းဖြစ်သည်။ကိိုကိုလေးက တစ်ခုခုဆိုရင် အေးအေးဆေးဆေးမရှိလှ။အော်ချင်ရင်အော်တတ်သလို စိတ်မထင်ရင်မထင်သလို တွေ့ကရာနဲ့ပါ ပေါက်တတ်သေးသည်။
ကိုကိုလေးနဲ့ကိုကိုကြီးက ရုပ်ချောတာချင်းတူပေမယ့် ချောတဲ့ပုံစံကတော့မတူပါ။ကိုကိုလေးက အရမ်းချောပြီးအန္တရယ်များလွန်းတဲ့ ချောမောမှုမျိုးဖြစ်သည်။ယောကျာ်းလေးတစ်ယောက်ဖြစ်ပါရဲ့နဲ့ ဘာလို့ဒီလောက်ချောရက်တာလဲပြောယူရအောင် လက်ဖျားခါလောက်တဲ့ ချောမောမှုမျိုးဖြစ်သည်။
YOU ARE READING
အစိမ်းနုရောင်အိပ်မက်
Fantasyအချစ်ဟာ အဓိပ္ပါယ်များစွာနဲ့ ပြည့်နှက်နေပါတယ်။ရယူခြင်းလား ပေးဆပ်ခြင်းလား ခွင့်လွှတ်နားလည်ခြင်းပေလား။အချစ်ရဲ့အဓိပ္ပါယ်ကို ကျွန်တော်တို့ တစ်ဦးချင်းဆီ ကွဲလွဲစွာအဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။