3

526 85 8
                                    

#Unicode

လွမ်းလိုက်လေခြင်း အချစ်ရေ~~~~
ညနေဘက် ကောင်းကင်ကြီးကိုကြည့်ကာ Jungkook ရဲ့အတွေးတွေဟာလည်း လေပြေတွေနဲ့အတူ လွှင့်မျောနေခဲ့သည်။

သတိရတယ်ဆိုတာထပ်ကိုပိုပါတယ် Taeရေ....
လက်ထဲကဖုန်းလေးကို မကြာခဏအကြည့်ရောက်မိသည်။

ဒီအချိန်အသံလေးသာ ကြားရရင် ကိုယ်တော့သေပျော်မယ်ထင်တယ်။

" ငိုင်နေပါလား Jungkook "

အနောက်ဘက်ကနေ ပုခုံးကိုသိုင်းဖက်ကာ ဘေးသို့ဝင်ထိုင်သည့် Suga Hyung...

သူသက်ပြင်းချမိသည်။ချစ်သူတစ်ယောက်ရှိပါသော်လည်း ရေရေရာရာချပြခွင့်မရှိ။

Tae ကသူစိမ်းအပေါ်ကိုဖြင့် ဖော်ရွေတတ်ပြန်သည်။

" မင်းကြည့်ရတာ condition မကောင်းဘူးထင်တယ်
ဟန်မြစ်ဘေးသွားပြီး သောက်ကြမလား "

စိတ်ပြေလက်ပျောက်ဖြစ်စေရန် ခေါင်းငြိမ့်မိသည်။ခဏလောက်ဖြစ်ဖြစ်တော့မေ့ထားလိုက်ချင်သည်။
.
.
.
" ဒါဆိုဟိုတနေ့က မင်းအပြင်သွားတာ မင်းကောင်လေးနဲ့တွေ့ဖို့သွားတာပဲမဟုတ်ဘူးလား "

Hyungသည် လက်ထဲကဘီယာဘူးအား မော့သောက်ရင်းမေးသည်။

" အင်း "

" ငါတို့Jungkook ကရွေးချယ်စရာတွေများလိုက်တာ "

ပုခုံးကိုတိုက်ကာ ရယ်သောသောပြောတော့ သူပါလိုက်ရယ်လာကာ ခေါင်းရမ်းလိုက်သည်။

" တော်ပါ Hyung ရာ တစ်ယောက်တောင် ရေရေရာရာချပြခွင့်တောင်မရှိတာကို "

ရေပြင်ကိုငေးကြည့်ရင်း သူပြောမိသည်။သူငယ်ချင်းအပေါင်းသင်းရှေ့ ဒါဟာငါ့ချစ်သူပါလို့ လက်ကလေးဆွဲကာ ချပြခွင့်ရချင်မိသည်။

" ဒါနဲ့မင်းက ဘာလို့ချစ်သူရှိတာမပြောခဲ့တာလဲ
အဲ့မိန်းကလေးက သိပ်သွက်လွန်းတော့ ဘာမှမဖြစ်ခင်
မင်းဘက်က စည်းတားထားသင့်တယ် "

" မလိုအပ်ဘူးထင်လို့ "

ခပ်တည်တည်သူ့အပြောကို Hyung ကသဘောကျပုံမရ။

" မင်းဘက်က စောင့်ထိန်းနိုင်ဖို့ပဲလိုတာပါ
မင်းကောင်လေးပေါ်တော့ သစ္စာရှိရမှာပေါ့ "

𝐓𝐑𝐈  Where stories live. Discover now