Part 1

5.6K 349 6
                                    

အခန်းပြတင်းပေါက်လိုက်ကာကိုဖြတ်၍ဝင်လာသောအလင်းရောင်ကြောင့် ကုတင်ပေါ်ကလုံးလုံးလေးအိပ်ယာထဲတွင်လူးလိမ့်နေသည်.......ကုတင်ဘေးစားပွဲပေါ်ကနာရီကိုကြည့်တော့7နာရီသာရှိသေးတယ်.....ပြန်အိပ်ရန်ပြင်နေသောကောင်လေးအားအခန်းတံခါးရှေ့မှအော်သံကြောင့်အလန့်တကြားထပြေးရတော့သည်.......
Jin. ....'' ရား.... Kookie....ထတော့လေ ကျောင်းနောက်ကြလိမ့်မယ်.....ပထမဆုံးကျောင်းတတ်ရက်မှာစောစောသွားမှပေါ့.....ခဏနေ jiminရောက်လာလို့စောင့်နေရရင်သူရိုက်တာခံနေရမယ်နော်.....ငါပြောတာကြားလား......ခုထနော်.....မဟုတ်ရင်ငါ့ဒယ်ပြားလာမယ်.......''
Kookie. .....''နိုးနေပီကိုကိုရေ....ပီးတော့ခုချက်ချင်းပဲရေချိုးပီးဆင်းလာခဲ့ပါ့မယ်ခင်ဗျ...ဒယ်ပြားတော့မလာနဲ့နော်.....ကုကီလေးပဲထွက်လာမယ်နော်.....''
jin. .....''အေး.....ဒါဆိုငါထမင်းစားပွဲကစောင့်နေမယ်......ရေကိုမြန်မြန်ချိုးနော်ကုကီ.....''
Kookie. .....'' Nae.....''
ရေအမြန်ချိုးကာမနေ့ကထုပ်ထားသည့်ကျောင်းဝတ်စုံအသစ်လေးကိုကျော့ကျော့မော့မော့လေးဝတ်ကာ ကိုယ်လုံးပေါ်မှန်ရှေ့တွင်ရပ်ကြည်လိုက်ပီး......''ဝါး.....တော်တော်ချောတဲ့ငါပါလား.....ခ်..ခ်..ခ်.....'' လွယ်အိပ်လေးထဲပစ္စည်းအစုံထည့် အားသွင်းကြိုးနဲ့ဖုန်းကိုကိုင်၍အခန်းထဲကထွက်လာလိုက်ပီးစားပွဲသိူ့အရောက်
jin. .....''လာထိုင်စား.....ပေါင်မုန့်မီးကင်နဲ့ကြက်ဥကြော်.....အဲ့နို့ဗူးကကျောင်းဖို့ခုသောက်ဖို့ကရှေ့ကခွက်ထဲမှာနွားနို့အပူ....ဖြေးဖြေးသောက်နော်.....''
လာပါပီအခန်းထဲရှိုးအပြည့်နဲ့ထွက်လာတဲ့ကောင်လေး....အုန်းသီး​ရောင်ဆံပင်ကိုခပ်ဖွဖွလုပ်ပီ ရှပ်အဖြူကိုကြယ်သီးအကုန်တပ်ပီးအပေါ်ကကျောင်း uniform coat လေးကိုထပ်ဝတ်ထားတော့သပ်သပ်ရပ်ရပ်ဖြစ်နေသည်.... တတ်တတ်ကြွကြွမြင်ရတော့ကောင်းလိုက်တာ.... စားပွဲကိုဝင်ထိုင်ပီးသူ့ရှေ့က Banana milkဗူးကိုယူအကိုင် ပြန်ချဖို့ပြောရသေးသည်....Banana milkကကုကီလေးအကြိုက်ဆုံးပင်....နွားနို့အပူကိုဇွတ်သောက်နေလို့သေချာသောက်အောင်ပြောရသေးတယ်....မေမေတို့နဲ့အိမ်ခွဲနေကတည်းကဒီကောင်လေးကိုသူပဲသေချာထိန်းခဲ့ရသည်....အိမ်ရဲ့အငယ်လေးဆိုတော့အဆိုးလေး.....အချွဲလေး.....ကျွန်တော်တို့မိသားစုရဲဆည်းလည်းလေးပေါ့....
တီးတောင်.....~
Jin. ....''လာ Mochi....မနက်စာစားတုန်း....''
လာပါပီသကောင့်သားက ခေါင်းကိုဆီချွဲနေအောင်လိမ်းပီး ကျောင်းဝတ်စုံကိုသပ်သပ်ရပ်ရပ်ဝတ်ထားပီ ယုံကြည်မှုအပြည့်မျက်နှာပေးနဲ့.....
Jimin. ....''ဟိတ်ကောင်.....မြန်မြန်စား....ခုံကလုရအုန်းမယ်....စာအုပ်လဲထုပ်ရမယ်....ကျောင်းသားကဒ်အတွက်ပုံလဲရိုက်ရအုံးမယ်.....''
Kookie. ....''အေးပါကွာ.....သိပါတယ်....မင်းစကားအရမ်းများတာပဲ.....မင်းကောဘာစားခဲ့လဲ.....''
စကားကိုရောက်ကတည်းကမနားတမ်းပြောနေတာနားငြီးလာလို့ထပြောလိုက်တော့မှ
Jimin. .....''ဘာမှမစားခဲ့ရသေးဘူး....ကိုကိုJin Mochi ကောနဲနဲစားလို့ရမလား....ဟမ်''
puppy eye လေးနဲ့မေးနေသောဂျပုအား jin မှအသားညှပ်ပေါင်မှန့်တစ်ခုပေးလေသည်....ထိုအခါမှမြောက်ကြွမြောက်ကြွနဲ့စားနေတုန်း.....
Kookie. ....''လာဂျပု....သွားမယ်.....''
ဂျပုဟုအခေါ်ခံနေကျဖြစ်သော်လဲအမြဲဆူပုတ်သွားသောမျက်နှာကြောင့်ကုကီခိုးရယ်မိသည်....
Jin. ....''ကိုကိုလိုက်ပို့မယ်....busနဲ့ဆိုမားတို့ငေါက်လိမ့်မယ်....အပြန်လဲကိုကိုပဲလာကြိုမယ်....ခဏကိုကိုအဝတ်လဲတာခဏစောင့်ပေး....''
JK&Jimin. .....''ဟုတ်...''
ကိုကိုအခန်းထဲဝင်သွားမှဂျပုကစကားစလာသည်
Jimin. ....''နောက်ရက်တွေလဲကိုကိုလိုက်ပို့ရင်ကောင်းမယ်.....''
Kookie. ....'' အိမ်ကိုလာခဲ့လေ....ကိုကိုကနေ့တိုင်းလိုက်ပို့မှာ....''
Jimin. ....''ငါ့ကိုဝင်ခေါ်လေကွာ.....''
kookie. ....''ချီး.....လိုက်ချင်ရင်လာခဲ့....သက်သက်တော့လာမပင့်နိုင်ဘူး.....ဒါပဲ''
သကောင့်သားကလူလည်.....သူ့အိမ်ကိုလိုက်ပို့ခိုင်းလဲရရဲ့သားနဲ့ဆီဖိုးကိုမုန့်ဖိုးနဲ့ထည့်ပေါင်းမှာကြောက်လို့ကုကီနဲ့လိုက်မယ်ပဲပြောပြောနေတော့တာ.....
Jin. ....''ပီးပီ....သွားမယ်....''
JK&Jimin..... ''.ဟုတ်.....''
ကားအနက်ရောင်လေးပေါ်ကိုတတ်သွားကြသည့်ကျောင်းသားလေးနှစ်ယောက်ဟာ အရမ်းကိုတတ်ကြွနေသည်.....သူတို့တတ်ရမည့်ကျောင်းမှာနမည်ကြီးအရှိန်အဝါကြီးကြောင်း....ကျောင်းမှာရုပ်ချောဥစ္စာပေါများသာရှိကြောင်း.....ပျော်ပွဲရွှင်ပွဲများပီးစာကိုသေချာလုပ်ရန်မလိုလို့ပင် ထိုကျောင်းကိုရွေး၍လျှောက်ခဲ့ကြသည်.....အထက်တန်းအထိမိဘလက်အောက်မှာနေပီးတတ်ခဲ့ရတဲ့သူတို့အဖို့ကျောင်းရောက်ရင်မည်သို့သောင်းကျန်ကြမည်ဆိုတာမသိနိုင်....
jinတစ်ယောက်နောက်ခန်းထဲမှကောင်လေးနှစ်ယောက်ကိုနောက်ကြည့်မှန်ကလှမ်းကြည့်တော့ပြုံးပြုံး ပြုံးပြုံး လုပ်နေသည့်ကောင်လေးနှစ်ယောက်အား.....
Jin. ....''ကျောင်းမှာစာလဲလုပ်အုန်းနော်....အထက်တန်းကိုကောင်းကောင်းအောင်လို့ဒီကျောင်းကိုလျှောက်ခွင့်ပေးခဲ့တာ....နှစ်ယောက်ပေါင်းပီးအရမ်းမကဲနဲ့နော်....''
JK&Jimin. ...''Nae....''
Mochi ဆိုတာကုကီလေးငယ်သူငယ်ချင်း ကုကီလေးထပ်လပိုင်းသာကြီးပေမဲ့အကိုတစ်ယောက်လိုဆုံးမပီးလူကြီးပုံခဏခဏဖမ်းသည်...Mochiကတစ်ဦးတည်းသောသား...သူ့အိမ်မှာကလေးဆိုတော်ကုကီလေးနဲ့ဆိုလူကြီးပဲလုပ်သည်..... ကုကီလေးကသူ့ mochi လေးစကားဆိုအကုန်နားထောင်သည်....ရန်ခဏခဏဖြစ်ပီးစိတ်ခဏခဏကောက်ကြလဲနောက်ဆုံးပြန်အဆင်ပြေသွားတာချည်းပဲ....အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေသူငယ်ချင်းဆိုတာထပ်ညီအကိုတွေပေါ့....

Double Bunny (complete) Where stories live. Discover now