Part 15

2.1K 185 22
                                    

Taekookအတွဲကတော့အချစ်တွေနဲ့ပြည့်နက်နေတဲ့ကမ္ဘာငယ်လေးတစ်ခုကိုဖန်တီးနေခဲ့ပါတယ်...... ပြဿနာဖြစ်ပီးကတည်းကတစ်ပတ်ကြာတဲ့အထိ Bogumကိုမတွေ့ရတော့ပေ..... ကျောင်းလဲမလာသလို သူတို့ပတ်ဝန်းကျင်ကနေတိတ်တဆိတ်ပျောက်ကွယ်သွားခဲ့သည်....သို့ပေမဲ့ ထိုအခြေအနေကို Taeမကြိုက်ပါ..... သူသိသည် Bogumဆိုတာလွယ်လွယ်နဲ့အရှုံးပေးတတ်တဲ့လူမျိုးမဟုတ်....ထို့ကြောင့်သူ့ကလေးအပေါ်မှာလဲတဆတဆစိုးရိမ်စိတ်တွေများလည်သည်

..............................

''Kim Namjoon ငါ့စိတ်ကိုသိတယ်နော်....ဘာလို့ပြဿနာဖြစ်ချင်နေရတာလဲ ''
''ဟာကိုကို.... အဲ့သောက်ခွေးတွေကကိုကို့ကိုကြည့်နေတာကိုမောင်ကငြိမ်ခံနေရမှာလား ''

ပြဿနာကတော့ ကော်ဖီဆိုင်မှာ မုန့်ထိုင်စားနေတဲ့အတွဲမှ Jeon seokjin ဆိုတဲ့ကောင်လေးကို မျက်စောင်းထိုးဝိုင်းကကောင်တွေသရေကျနေသောကြောင့် ကိုကိုင်ကျိုးစိတ်ဆိုးနေချင်းပင်

''သွားမယ်လာ.....အဲ့လောက်ဖြစ်နေရင် ငါဆက်မစားတော့ဘူး ''
''မောင်တောင်းပန်ပါတယ်.....စိတ်မဆိုးပါနဲ့....မောင်သဝန်နဲနဲတိုသွားတယ် ''
''နဲနဲဟုတ်လား....အလုပ်ကလူတွေနဲ့စကားပြောရင်လဲမကြိုက်....သူငယ်ချင်းဟောင်းတွေနဲ့စကားပြောရင်လဲမကြိုက်....နှုတ်ဆက်လို့ပြုံးပြရင်တောင် မင်းကသဝန်တိုနေတာ....ငါဘယ်လိုနေရမှာလဲ ''
''အဲ့တာ....အဲ့တာက..... ''
''မောင်ကကိုကို့ကိုချစ်လို့ပါ လို့ပြောအုန်းမလို့လား ''
''ဟီး....ကိုကိုကလဲဗျာ သိနေရင်ဘာလို့စိတ်ဆိုးနေသေးလဲ ''
''ငါလွတ်လပ်ချင်လို့အေးဆေးနေနေတာကို မင်းရောက်လာပီးဒုက္ခလိုက်ပေးနေတာ ''
''ကိုကိုကလဲ ''(မျက်နှာငယ်နဲ့ကိုကိုင်ကျိုး)
''ငါမင်းကိုချစ်လွန်းလို့သီးခံနေတာနော်....''
''ဒေါက်....'' (ကိုကိုင်ကျိုးခေါင်းခေါက်ခံလိုက်ရတဲ့အသံပါနော်)
''ဟီး....ကျေနပ်ပီလား ''
''ဟွန်း....''
''အဲ့လိုကြီးစူပုတ်မနေပါနဲ့....စားစရာရှိတာစား...ပီးရင်ဦးလေးအိမ်လိုက်ပို့မယ် ''
''တကယ်လား ''
''တကယ်လို့....မွ ''
ခေါင်းကလေးကိုဖွဖွလေးနမ်းလိုက်တော့
''Yrrr. ....Kim Namjoon သေချင်နေပီလား .....မင်းမရှက်ပေမဲ့ငါရှက်တယ်....''
''ကိုကိုကချစ်ဖို့ကောင်းအောင်လုပ်နေတာကို'
''နောက်တစ်ခုလူရှေ့မှာနမ်းရင် မင်းကိုမခေါ်တော့ဘူး ''
''နေနိုင်လို့လား ''
''Jeon Seokjin ဘဝမှာ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး..... ရှင်းလား ''
''သိပါတယ်....သိပါတယ်....မောင့်ရဲ့ကောင်လေးစိတ်ကြီးမှန်းသိပါတယ်....''
''ဟွန်း.....''(မျက်စောင်းထိုးလျက် စားစရာရှိတာဆက်စားနေတဲ့ကိုဂျင်းတုန်း)

Double Bunny (complete) Where stories live. Discover now