(1) Dominant Man

6.3K 171 1
                                    

Zawgyi

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ရှိသော အဆင့်မြင့်ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုသည် ခမ်းနားလွန်းသည်ထက်ပို၏။ နိုင်ငံကျော်ရုပ်ရှင် သရုပ်များစွာပေါ်ပေါက်ရာ ယင်းကုမ္ပဏီကြီးသည် ကမ္ဘာ့အဆင့်မှီ ခေတ်မီပရိဘောဂများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသဖြင့် မြင်သူတိုင်းအတွက် အားကျငေးမောစရာ ဖြစ်လို့နေလေသည်။ ထိုကုမ္ပဏီ၏ ပိုင်ရှင်သည်ကား အသက်(၂၆)နှစ်အရွယ် ဆွဲဆောင်မှုရှိလှသည့်မာန်ရှိန်သစ်,ပင်ဖြစ်၏။

               ကုမ္ပဏီ၏သူဌေးရုံးခန်းအတွင်း၌ မာန်ရှိန်သစ်သည် ဝိုင်နီနီတစ်ခွက်အား အသာဝှေ့ယမ်းကာ ဆော့ကစားရင်းထိုင်နေသည်။ မျက်ခုံးတန်းထူထူများအောက်မှ စူးရှသော အကြည့်များသည်လည်း ရုံးခန်းအတွင်းရှိLEDတီဗွီ ဖန်သားပြင်ပေါ်၌ အာရုံစိုက်ထားပုံရသည်။ သက်ဝင်စွာလှုပ်ရှားနေသော ဖန်သားပြင်ထက်မှ ရုပ်ပုံများကိုကြည့်ရင်း မျက်ခုံးနက်များသည် တွန့်ချိုးလာသလို အောက်နှုတ်ခမ်းကိုလည်း သူဖွဖွကိုက်လိုက်မိသည်။ အဆုံးသတ်တွင်တော့...ဘေးတွင်ရှိသော ရီမုကိုဆွဲယူလျက် တီဗွီအားပိတ်ပစ်ကာ အရှေ့မှမှန်သားစားပွဲပေါ်သို့ အသံမြည်အောင် ပစ်တင်လိုက်တော့သည်။

"ဒီလောက်ထိ နမ်းဖို့လိုလား...ဘေဘီ။"

"သရုပ်‌ဆောင်တာပဲလေ...အစ်ကိုမကျေနပ်ရင် အသစ်ပြန်ရိုက်ခိုင်းလိုက်ပေါ့။"

               ထို့နောက်တွင်မူ မာန်ရှိန်သစ်သည် သူ၏ပေါင်ပေါ်တွင် ထိုင်နေသော ကောင်ကလေးရဲ့ခါးသွယ်သွယ်လေးအား လက်ဖြင့်အားသုံးကာ ညှစ်ပစ်လိုက်သည်။ ထိုမှသာ ကြည်တောက်တောက် မျက်လုံးလေးများသည် ဖုန်းကိုသဲကြီးမဲကြီး စိုက်ကြည့်နေရာမှ သူ့ဘက်သို့လှည့်လာ၏။ ဒီကောင်ကလေးကတော့ မာန်ရှိန်သစ်၏ချစ်သူ သျှားခန့်နောင်ဖြစ်သည်။

"မလိုဘူး။ နောက်ဆိုဘယ်တော့မှ ဒီလောက်ထိဈာန်ဝင်ပြီး သရုပ်မဆောင်နဲ့။ ကိုယ့်ကောင်လေးကို ဘယ်လိုအကြောင်းမျိုးနဲ့မှ တခြားသူတွေနဲ့ သာမန်ထက်ပိုပြီး ပက်သက်တာကို ကိုယ်မကြိုက်ဘူး။ အလုပ်သဘောအရဆိုတဲ့ အကြောင်းပြချက်ကို လက်ခံပေးရလောက်သည်အထိ ကိုယ်သဘောထားမကြီးဘူး။"

One Shots (Donation Project)Where stories live. Discover now