အခန်း(28)
1.3K 101 15
ရှောင်းကျန့်မိမိအခန်းထဲသို့ဝင်လာခဲ့ပြီးမနက်ဖြန်ထွက်ပြေးမည့်အစီအစဉ်အားတွေးတောနေ၏။
မနက်ဖြန် မင်္ဂလာအခမ်းအနားရှိသည့်အတွက်သေချာပေါက်ဝမ်ရိပေါ်တစ်ယောက်အလုပ်ရူပ်နေမှာပင်။
သူ့ကိုလဲမိတ်ကပ်၊အဝတ်အစားပြင်ဆင်ရမှာဆိုတော့မိတ်ကပ်ဆရာအားမလိမ့်တပက်လုပ်ကာထွက်ပြေးနိုင်သည်။
ဝမ်ရိပေါ်လဲသတိထားမိမှာမဟုတ်ချေ။ဒီလောက်လူတွေအများကြီးထဲသူပျောက်သွားတာလုံးဝရိပ်မိမှာမဟုတ်ပါ။
ရှောင်းကျန့်ဤနေရာကနေလွတ်ဖို့သာတွေးထားသည်။လွတ်မြောက်ပြီးဆိုမှကျိုးလင်းနဲ့မမကိုရှာကာဒီလူနဲ့အဝေးဆုံးကိုထွက်သွားမယ်။
'နောက်တစ်ခါယောင်လို့တောင်ခင်ဗျားနဲ့မဆုံချင်ဘူးဝမ်ရိပေါ်'
ရှောင်းကျန့်အခန်းတံခါးကမပိတ်ရသေးတာမို့ပိတ်ရန်သွားတော့ဝရံတာမှာဖုန်းပြောနေသောသူကိုတွေ့လိုက်ရသည်။
ဘာရယ်မဟုတ်ပဲထိုကျောပြင်အားငေးကြည့်နေမိသည်။အမြဲတစ်စေတင်းမာနေတက်သောမျက်နှာထက်တွင်အပြုံးလှလှဖန်ဆင်းတက်သူဟာကောင်လေးပါလို့ဦးလေးရန်ပြောတက်တာ...
ရှောင်းကျန့်မှတ်မိနေသေးသည်။
*သခင်လေး ဘဝမှာမင်းကအရေးကြီးဆုံးမို့သူ့အနားကနေထွက်မသွားပါနဲ့* လို့
ဦးလေးရန် တောင်းဆိုဖူးတာသိပေမယ့်...
မဖြစ်နိုင်သောအချစ်တစ်ခုအားဖက်တွယ်နေသောအတ္တဆန်လွန်းသည့်ဝမ်ရိပေါ်အနားတွင်သူမနေချင်ပါ။
သူ့ကိုယ်တိုင်လဲဝမ်ရိပေါ်အားမချစ်ဘူးလေ။
ထိုစကားကိုရှောင်းကျန့်ပြောမိတိုင်းအလိုလိုဝမ်းနည်းတက်လာတာရောဂါတစ်ခုပေလား။
လောကကြီးထဲမှာကျွန်တော်တို့ဟာကိုယ့်ကိုကိုယ်တောင်ပိုင်လို့လားဗျာ။ကိုယ်မဟုတ်တဲ့သူစိမ်းလူတစ်ယောက်ကိုပိုင်ဆိုင်ရဖို့ချစ်ရတာထင်ထားတာထက်ခက်ခဲနက်ရှိုင်းလွန်းတယ်။
ရှောင်းကျန့်တွေးနေငေးနေမိသောကိုယ့်ကိုကိုယ်သတိပေးကာအခန်းတံခါးအားပိတ်ပစ်လိုက်သည်။