အခန်း(51)
1K 70 8
"ဖြည်းဖြည်း....ဖြည်းဖြည်း...သတိထားလျှောက်နော်...လမ်းကိုသေချာကြည့်ကိုကို့ကိုလဲသေချာတွဲထား.!!..."
အကိုပိုလွန်းတဲ့ကိုကဲပိုကိုရှောင်းကျန့်မျက်စောင်းထိုးချင်နေပြီ။လမ်းလေးလျှောက်တာကိုတောင်ဒီလောက်ဖြစ်နေတာအခြားအရာဆိုပိုဆိုးမယ်။
နောက်ဆိုရှောင်းကျန့်ဘဝကဘာဆိုဘာမှလွှတ်လပ်တော့မှာမဟုတ်တော့ဘူး။စားဆိုလဲသူစိတ်တိုင်းကျ ၊နေဆိုလဲသူ့သဘောတော်အလိုရ....ဟူး...တွေးရင်းတွေးရင်းနဲ့ကိုယ့်ကိုကိုယ်တောင်သနားလာပြီ။
အဲ့တာဒင်းလေးကြောင့်...ဒင်းလေးပါးပါးကလူတကာထက်ကိုအကဲပိုတယ်။ဟွန့်...ကိုယ်ဝန်ကခုမှလနုနုလေးကိုတောင်ဘေးကတစ်တွတ်တွတ်ရွတ်နေတာနောင်များဆို....အမလေး...။
"ကလေး...ဟာ...ဘာလို့ခြေဆောင့်လိုက်ရတာလဲတော်ကြာအထဲကပိစိလေးအနေခက်သွားမှာပေါ့..."
"ဩော်..ခုတော့ကိုကိုကဆူပြီပေါ့...ပြောတော့ကလေးကိုအချစ်ဆုံးပါဆိုခုကျတော့ဒီပုစိကိုကိုကိုကပိုချစ်နေတာပေါ့ဟုတ်လား...ဟင့်...အလေးခံပြီးလွယ်ပေးထားရတဲ့ဟော့ဒီကသူကြီးကိုကျမချစ်ဘူးပေါ့...ဟင့်..."
သူဒါလေးပြောမိတာကိုမျက်ရည်တွေဘူးသီးလုံးလောက်ကျပြီးပြန်ရန်တွေ့လာတဲ့ကလေးကြောင့်ရိပေါ်မှာငိုရခက်ရယ်ရခက်။ဆရာဝန်ပြောတာတော့ကိုယ်ဝန်သည်တွေကခံစားချက်လွယ်သတဲ့။
ရိပေါ်ချက်ချင်းပြာပြာသလဲပြန်ချော့ရတော့သည်။တော်ကြာကလေးသူ့ကိုစိတ်ကောက်ပြီးအနားအကပ်မခံတော့မှဒုက္ခ။
"ကိုကိုဆူတာမဟုတ်ရပါဘူးကလေးရယ်...ကလေးကလေရုတ်တရက်ကြီးခြေဆောင့်လိုက်တော့ကိုကိုကစိတ်ပူသွားတာပါ...နောက်မဖြစ်စေရဘူးနော်...ဒါနဲ့လေကလေးကဘာအလိုမကျလို့လဲဟင်...ကိုကိုဘာလုပ်ပေးရမလဲ..."
ရှောင်းကျန့်မျက်ရည်တွေကိုသုတ်ပစ်ရင်းကိုကို့မျက်နှာကိုစူပုတ်ပုတ်နဲ့ပြန်ကြည့်လိုက်သည်။ပြီးတော့မှကိုကိုနောက်ကိုမေးဆက်ပြလိုက်တော့သည်။
ကိုကိုရဲ့လူတွေအပြည့်နဲ့သူလမ်းလျှောက်နေရတာလေ။မသိရင်သူကနာမည်ကြီးလိုလိုဘာလိုလို။ဆေးရုံကလူတိုင်းကလဲသူ့ကိုဆိုအထူးအဆန်းကြီးလိုလိုက်ကြည့်နေတာပဲ။