𝟐

57 15 6
                                    

[𝐙𝐚𝐰𝐠𝐲𝐢]




ခမ်းနားထည်ဝါလှသော အိမ်ကြီး၏ အပေါ်ထပ်
လှေကား ရဲ့ ညာဘက် ခြမ်း လျှောက်လမ်း အဆုံး တွင် တည်ရှိသော အိပ်ခန်းလေး...

အခန်းထဲက ကုတင်ထက်တွင် တစ်ယောက်နဲ့တစ်ယောက် မလွတ်တမ်း တင်းတင်းကြပ်ကြပ်ဖက်ကာ အိပ်မောကျနေတဲ့ မြင်ကွင်းမှာ။ သာယာသော မနက်ခင်းတစ်ခုရဲ့ လှပသော ပန်းချီကား တစ်ချပ်အလား....

မနက်ခင်း နေရောင် တို့ကြောင့် အသိစိတ်တို့က အိပ်ချင် သော စိတ်ကိုဖျောက်ဖိတ်ကာ အိမ်မက်ကမ္ဘာမှ နိုးထလာရသည်..
ချစ်ရသူနှင့်အတူ နိုးထရသော မနက်ခင်းက တစ်ကယ် ကို လှပ လွန်းပါသည်

လှပတဲ့ မနက်ခင်း တစ်ခုမှာ အရင်နိုးထ လာသူကတော့  Baekhyun ..ပေါ့

ခါးမှ တင်းကျပ်စွာ ဖက်တွယ်ထားသော  လက်တစ်စုံ...
ကျောဘက် နေရာဆီ မှ ခံစားမိသော နွေးထွေးမှု .. ရင်ခွင်နွေးနွေး တစ်ခုထဲ မှာပဲ

ကျယ်ပြန့်သော ရင်ခွင်ရဲ့ ပိုင်ရှင် ဘက်ကို မျက်နှာမူကာ .. ခန့်ညားလှတဲ့ မျက်နှာလေးကို လက် သွယ်သွယ်လေးနဲ့ တို့ထိ ကြည့်မိသည်
Gym ကစားထားတဲ့ Chanyeol ရဲ့ အသားအရေ  တို့မှာ Baekhyun ရဲ့ လက်သွယ်သွယ် လရဲ့ အထိအတွေ့အောက်မှာ နူးနူးညံ့ညံ့ ရှိလှသည်....

မျက်နှာပေါ်က ထိတွေ့မှု တစ်ခုကြောင့် အိမ်မက် ကမ္ဘာ ထဲမှ နိုးထ လာသည်
ထိတွေ့နေသော လက်ရဲ့ပိုင်ရှင်ကို သိတာမို့  ပြုံးလိုက်မိသည်.....
Ko
မျက်လုံးတို့ မဖွင့်သေးဘဲ  ခ့းမှ ဖက်ထားသော လက်တို့ကို ပိုမိုအားထည့်ကာ ဖက်လိုက်သည် ..

" Chan...ထတော့ မိုးလင်းနေပြီကို.."

" အင်း... ခဏလေး ၅ မိနစ်.."

" လိမ္မာပါတယ် ..ထပါဆို ထတော့ ဗိုက်ဆာပြီ"

"   ထအောင်နိုးရင် ထမှာပေါ့"

" ချန်းညစ်ပတ်ကြီး "

နှုတ်ကသာ ညစ်ပတ်ကြီး ဆိုနေသော သူရဲ့ နှုတ်ခမ်း လွှာ ပါးပါး လေးသည် ..ကိုယ့်နှုတ်ခမ်းပေါ် ကို ဖွဖွလေး ဖိကပ်လာသည်
ချို မြိန် လိုက်တဲ့ နှုတ်ခမ်းလွှာလေး...
ဘာနဲ့မှ မလဲနိုင်အောင် ကို ချစ်မိနေပြီ  Babe ‌ရယ်....

𝐈𝐍𝐒𝐈𝐃𝐈𝐎𝐔𝐒Where stories live. Discover now