𝟒

27 12 0
                                    

[𝐙𝐚𝐰𝐠𝐲𝐢]







"ကြာသွားလားမသိဘူး ကျွန်တော်တောင်းပန်ပါတယ်"

" ရပါတယ်ဗျာ"

"ဒီက ဘယ်ကလဲမသိဘူး"

" ဟုတ်ပ မိတ်မဆက်ရသေးဘူး
ကျွန်တော်က Kim JongIn ပါ သူက ကျွန်တော့်ခင်ပွန်း Kim  Sehun  ပါ တွေ့ရတာဝမ်းသာပါတယ်"

  သုံးယောက်သား လက်ဆွဲနှုတ်ဆက်ကာ ခင်မင်မှုရသွားကြ‌သည်။
အဖြစ်အပျက်အားလုံးကို ပြန်ပြောပြကာ JongIn တို့က အထပ်ထပ်တောင်းပန်စကား ပြောလာတာကြောင့် Chanyeol  မျက်နှုပူလာလေသည်။   စိတ်တောင်မဆိုးနိုင်ဘဲ ကိုယ်က တောင် အားနာလာရသည်။

"အာ့ဆို ကျွန်တော်တို့ ပြန်တော့မယ်နော်
ခွင့်ပြုပါအုံး"

"ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်နော်"

" သွားပြီနော်"

ဧည့်သည်တြွေပန်သွားမှ အိပ်ခန်းဆီ  ပြန်သွားရအုံးမည်။ တစ်ယောက်တည်းအိပ်နေသူလေးလန့်နိုးလာမှာ စိုးရသည်။  အခန်းထဲရောက်တော့  အသည်းလေးက ကွေးကွေးလေး အိပ်ပျော်နေတုန်းပင်။  ကုတင်ပေါ်ကိုအသာလေးတက်ကာ နှဖူးပေါ်ဝဲနေတဲ့ ဆံသားနုနုလေးကို အသာဖယ်ရှားပေးရသည်။

"အများလန့်နေမှာပဲ  ကိုယ့်အသည်းလေး
... ကိုယ်ရှိတယ်နော် မကြောက်နဲ့ "

  ဘေးနာက စားပွဲပေါ်တင်ထားတဲ့ ကော်ဖီ ပူပူလေးတစ်ခွက်ကို  လက်ကိုင် ကနေကိုင်ကာ   ကော်ဖီ၏ အရသာကို လျှာဖျားကနေ လည်ချောင်းထဲ စီးဝင်သည် အထိ ချစ်ခြိုက်စွာ   သောက်သုံးနေလိုက်သည်။
ညနေစောင်းနေပြီ ဖြစ်တာကြောင့် ကော်ဖီ သောက်ရမည့်အချိန်မဟုတ်သော်လည်း
မိမိ၏ စိတ်ဆန္ဒအရသာ ဖြစ်၏။
ပူလောင်  ၍ အငွေ့တထောင်းထောင်း ထနေသော ကော်ဖီကို  နှုတ်ခမ်းဖြင့် တဖူးဖူးမှုတ်ကာ သောက်ရသည့်အရသာသည် ကော်ဖီ ကြိုက်သူအဖို့ ဘာနဲ့မျှ မလဲနိုင်ပေ။
ကော်ဖီခွက်ကိုင်တာ ပြတင်းပေါက်နားမှာ  မတ်တပ်ရပ် ရင်း နေဝင်တာကိုစောင့်ကြည့်နေလိုက်သည်။
နေဝင်ခါစ အချိန် မြင်လိုက်ရသော တ jirayu iiစ်စုံတစ်ရာကြောင့် ကော်ဖီသောက်လက်စ တို့ ရပ်တန့်သွားလေ၏။

𝐈𝐍𝐒𝐈𝐃𝐈𝐎𝐔𝐒Where stories live. Discover now