အပိုင်း ၁

921 25 1
                                    

မြင့်သွန်းခေါင်သီလှသော တောင်တွေအထပ်ထပ်ဝိုင်းရံထားတဲ့ ငွေမျှင်ရောင် တိမ်မျှင်ပါးတို့ ကူးလူးယှက်သန်းနေပါသည့် အနှီတောင်ထိပ်သည်ကား ထျန်းယွင်အမည်ရသည်။

ပုံမှန်နေ့တွေမှာ ထျန်းယွင်တောင်ကို အလွှာအထပ်ထပ်နဲ့ ဖုံးအုပ်ကွယ်ဆိုင်းထားပါသည့် တိမ်ဖြူအုပ်တို့သည်ကား ယနေ့မှာ နီရဲညိုမှောင်နေလျက် သွေးရောင်တောက်တောက်ကို ဆောင်နေသည်။ သွေးမိုးတို့ ရွာချတော့မည့်အလားပါပင်.....

သွေးရောင်တိမ်တိုက်တို့ အပြည့်ဖုံးလွှမ်းထားသည့် ထျန်းယွင်တောင်ထိပ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ ငွေမှင်ရောင် အသရေတင့်လှပါသည့် အလင်းတဖြာက နီမြန်းသော သွေးရောင်တို့ကို ထိုးဖောက်ဖြာထွက်နေသည်။ အနှီအလင်းရောင်သည်ကား ထျန်းယွင်ဂိုဏ်းချုပ်ရဲ့ သိဒ္ဓိလက်နက်ဖြစ်သော ရှင်းဝမ့်ဓားရောင်ခြည်ပေတည်း....

ရှင်းဝမ့်ဓားရဲ့နဂါးလက်ကိုင်ရိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး တောက်ပလင်းလဲ့တဲ့ ငွေရောင်သိဒ္ဓိစွမ်းအင်တို့ ဖြာလွှမ်းနေသော ထျန်းယွင်ဂိုဏ်းချုပ်က  ဒူးထောက်လျက်အနေအထားမှာရှိနေသည်။

နှင်းဆီနီသွေးပမာ နီထွေးသောနှုတ်ခမ်းထောင့်တို့က ရဲရဲနီသောသွေးတို့ စီးကျနေလျက်သားနဲ့ ဂိုဏ်းချုပ်က ဒဏ်ရာအပြင်းအထန်ရနေပုံပေါ်ပေမယ့် မျက်နှာတစ်ချက်ပျက်မသွားပေ။ ယွဲ့ချင်းနန်းဆောင်ရှေ့မှာ ဓားကိုရွယ်လျက်သားနဲ့ သူ့ရှေ့က လူတွေကို တားဆီးပိတ်ပင်ထားသည်။

"ငါသေရင်တောင် မင်းတို့လောဘတွေကို ပြည့်ဝဖို့ ခွင့်မပြုဘူး...."

ခိုင်ကြည်မြဲမြံသောလေသံကြောင့် ရှေ့ကလူတွေ မျက်နှာပျက်သွားကြသည်။ ရှေ့ဆုံးက ဟော်ရှန်းပြည်ရဲ့အိမ်ရှေ့စံကတော့ ဂရုမစိုက်သလို ပခုံးကိုတွန့်ပြီး သူ့ဓားကို ချီစွမ်းအားတွေ ဖြာလွှမ်းစေလိုက်သည်။

"ဂိုဏ်းချုပ်ခွင့်မပြုလဲ ကျွန်တော်က ဒီနေ့ယွဲ့ချင်းနန်းဆောင်ကို ရအောင်ယူရလိမ့်မယ်....."

"မင်း လုပ်ကြည့်လေ...."

"လျန့်ဟွား လာစမ်း...."

မီးလျှံကြားက မောင့်ဧကရီDonde viven las historias. Descúbrelo ahora