အပိုင်း ၁၁

82 15 4
                                    

မနက်ခင်းရဲ့ ပျိုမြစ်နုနယ်လှသော နေရောင်ခြည်က ဟုန်လျန့်နန်းတော်၏ နန်းဆောင်တွေအပေါ်ကို ဖြာကျလာသည်။ နန်းပြသာဒ်ခေါင်မိုးအစွန်းတွေက နေရာင်ခြည်နဲ့ ထိတွေ့နှုတ်ဆက်ပြီးနောက် ပိုပြီးခမ်းနားတဲ့ အရောင်အဝါတွေနဲ့ တောက်ပသွားသည်။

ယွမ်ဧကရာဇ်ရဲ့ စတုတ္ထမြောက်ကြင်ယာတော်အဆောင်တော်....

လီလီပန်းရောင်စုံတွေက နန်းဆောင်တစ်ဝိုက်မှာ ဖြန့်ကျက်စိုက်ပျိုးအလှဆင်ထားသော နန်းဆောင်က အေးချမ်းမှုတစ်မျိုးနဲ့ ထည်ဝါနေသည်။ တန်ဖိုးကြီးအသုံးအဆောင်များက နန်းဆောင်အတွင်းမှာ သူ့နေရာနဲ့သူ နေရာယူထားကြပြီး နန်းဆောင်မှာ နေထိုင်သူရဲ့ ဟိတ်ဟန်ကြီးမှုကို ဖော်ပြပေးနေသည်။

နန်းဆောင်အတွင်းက ထိုင်ခုံတစ်ခုပေါ်၌ ရွှေအဆင်းနှယ် လှပသိမ်မွေ့လှသော အမျိုးသမီးတစ်ဦး တည်ငြိမ်စွာ ထိုင်နေသည်။ အမှောင်ယံထဲက ကြယ်တွေလို စူးလက်တောက်ပသည့် မျက်ဝန်းတွေသာ မရှိပါက ရွှေစင်ရုပ်ထုတစ်ခုချထားသည့်အလား လှပလွန်းသော အမျိုးသမီးပါပေ....

"မင်းကြီးက ဒီတစ်ခေါက်စစ်ပွဲမှာ မင်းအရည်အချင်းတွေကို ဟုန်လျန့်နဲ့ လက်အောက်ခံတိုင်းပြည်တွေကိုပါ သိစေချင်နေတာ....မင်း သူ့ကိုစိတ်မပျက်စေနဲ့...."

ချိုလွင်သော အသံတိုးတိုးက နူးညံ့မှုမရှိဘဲ ပြတ်သားနေသည်။ သူမနဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေသော ယွမ်ယွဲ့ချီက သူမစကားကိုကြားတော့ အလေးအနက် ခေါင်းငြိမ့်ပြသည်။

"မယ်တော် စိတ်ချပါ....ချီအာ မယ်တော်ကို စိတ်မပျက်စေရပါဘူး..."

ယွမ်ယွဲ့ချီရဲ့ စကားကိုကြားတော့ စတုတ္ထကြင်ယာတော် လီရှင်းလော့က ကျေနပ်သွားဟန် အနည်းငယ်မျှပြုံးသည်။ လီရှင်းလော့သည် ဟုန်လျန့်ရဲ့လက်ရှိစစ်သူကြီးချုပ်ရဲ့ ဒုတိယမြောက်တရားဝင်သမီးဖြစ်ပြီး ယွမ်ဧကရာဇ်ရဲ့ နှစ်သက်မှုကိုရပြီး ကြင်ယာတော်ဖြစ်လာသူပါပေ။ ရုပ်ရည်သွင်ပြင်နူးညံ့ပေမယ့် စိတ်ထက်ပြီး လိုအင်လောဘကြီးလေသည်။ သတ္တမမင်းသား ယွမ်ယွဲ့ချီသည် သူမရဲ့သားအရင်းဖြစ်ပြီး သူမရဲ့ရုပ်ရည်လှပမှုတွေကို အပြည့်အဝ အမွေဆက်ခံထားနိုင်သည်။ ယွမ်ယွဲ့ချီက အဖိုးဖြစ်သူ လီစစ်သူကြီးနဲ့ စိတ်ဓာတ်တူပြီး သိမ်မွေ့ပြတ်သားသည်။

မီးလျှံကြားက မောင့်ဧကရီWhere stories live. Discover now