Let Me Be Your Guardian (Final)

1.6K 98 2
                                    

အ​နောက်​မှ Chanyeol ​ရောက်​​နေတာ​ကြောင့်​ Kyungsoo နဲ့ Junmyeon လူချင်းခွာလိုက်​ပြီး....

'"ဟေ့​ကောင်​ Chanyeol လာ​လေကွာ ဘာလုပ်​​နေတာလဲ"

"လာပြီ kyungsoo ​ရေ မင်းတို့ အလွမ်းသယ်​တာ မပြီး​သေးလို့​စောင့်​​နေတာ"

Kyungsoo မျက်​နှာ ရုတ်​တရက်​ ရဲသွားပြီး ထုံးစံအတိုင်း ပွစိပွစိနှင့်​...

"​​လောရှည်​​ကောင်​ ဒါမျိုးဆို အားမကိုးရဘူး :3 အပြင်​မှာ​အေးတယ်​ အမြန်​ဝင်​လာခဲ့!"

အထဲ​ရောက်​​တော့ Chanyeol က Baekhyun ကို Kyungsoo တို့နှင့်​ မိတ်​ဆက်​​ပေးသည်

Baekhyun မှာ လူ​ကောင်​​သေးပြီး ချစ်​ဖို့​ကောင်းသည့်အပြင်​ ရယ်​လိုက်​လျှင်​ သွားထက်​​လေးများ ​ပေါ်လာကာ ​ယောက်ျား​လေး အချင်းချင်းပင်​ ကြိုက်​ချင်​စရာရုပ်​မျိုး...

Chanyeol သ​ဘောကျသည်​မှာ မဆန်း​တော့

Kyungsoo မှာ Baekhyun ကိုတစ်​လှည့်​ Junmyeon ကို တစ်​လှည့်​ကြည့်​​နေသည်...

ခဏကြာ​တော့ Junmyeon ကို လိုက်​ပို့ရန်​ Kyungsoo အပြင်​ထွက်​သွားသည်

အပြင်​​ရောက်​​သော်​ Junmyeon က

"ခုနက ကိုယ်​နဲ့ Baekhyun ကို ဘာလို့ ခဏခဏကြည့်​​နေတာလဲ??ကိုယ့်​ကို စိတ်​မချလို့လား"

"မဟုတ်​ပါဘူး ဒီအတိုင်း ကြည့်​လိုက်​တာပါ သူ့ကို စိတ်​မချလို့ပဲ ဖြစ်​ရ​သေးတယ်​"Kyungsoo က မဟုတ်​ဘူး​ပြော​​ပေမယ့်​ မျက်​နှာမ​ကောင်းမှန်း Junmyeon သိသည်

"ကိုယ့်​ကိုယ်​ကို မနှိပ်​စက်​ပါနဲ့ Kyungsoo ရယ်​!"Junmyeon ​ပြောပြီး Kyungsoo ရဲ့ ကိုယ်​လုံး​သေး​သေး​လေးကို သူ့ရင်​ခွင်​ထဲ ထည့်​ထားလိုက်​သည်

Kyungsoo သူ့ကိုယ်​သူ မညာချင်​..Junmyeon အနားမှာ ရှိတိုင်း လုံခြုံသည်​ဟု ခံစားမိသည်

သူ Junmyeon အနားက ရုန်းထွက်​ရန်​ ကြိုးစားတိုင်း Junmyeon ၏ ​နွေး​ထွေးမှုတို့က သူ့ကို ဟန့်​တား​နေသလိုလို...

အခုလည်း Junmyeon ရဲ့ ရင်​ခွင်​ထဲက​နေ သူမထွက်​ချင်​​တော့....

You've reached the end of published parts.

⏰ Last updated: Dec 29, 2015 ⏰

Add this story to your Library to get notified about new parts!

Let Me Be Your GuardianWhere stories live. Discover now