Part One

2.7K 106 5
                                    

Let Me Be Your Guardian

One shot (Part 1)

မျက်​နှာ​ပေါ် ကျလာတဲ့ မနက်​ခင်း​နေ​ရောင်​ခြည်​​ကြောင့်​ Kyungsoo လန့်​နိုးလာသည်

နာရီကြည့်​လိုက်​​တော့ မနက်​ 8 နာရီ...

"Aishhh ​ကျောင်း​နောက်​ကျ​တော့မယ်​"

Kyungsoo သူ့ကိုယ်​သူ မ​ကျေမနပ်​ ​ရေရွတ်​လိုက်သည်

ကျောင်းက 8 နာရီခွဲ တက်​ရမှာမို့ သူအ​လောတကြီးထပြီး ​ကျောင်းသွားဖို့ ပြင်​ဆင်​လိုက်​တယ်

ကျောင်း​နောက်​ကျ​နေတာမို့ မနက်​စာ​တောင်​ မစားနိုင်​ဘဲ စက်​ဘီးကို ခပ်​သွက်​သွက်​နင်းပြီး အိမ်​က ထွက်​အလာ... လမ်းအ​ကွေ့ တစ်​ခုမှာ ရုတ်​တရက်​ ထွက်​လာတဲ့ ကား​ကြောင့်​ စက်​ဘီး​​မှောက်​ပြီး ​စက်​ဘီး​ပေါ်က ပြုတ်​ကျသွားတယ်​....

Kyungsoo လည်း စက်​ဘီး​မှောက်​သွားတဲ့ အရှိန်​​ကြောင့်​ ​တော်​ရုံနှင့်​ ပြန်​ထလို့မရ...

ထိုအချိန်​ ကား​ပေါ်မှ အသားဖြူဖြူနဲ့ လူတစ်​​ယောက်​ ဆင်းလာပြီး

"အဆင်​​ပြေရဲ့လားမသိဘူး....ကျွန်​​တော့်​ကားနဲ့ တိုက်​မိသွားတာ ​တောင်းပန်​ပါတယ်​"

Kyungsoo သူ့ကို ​တောင်းပန်​စကားလာ​ပြောတဲ့သူကို မျက်​​တောင်​ မခတ်​တမ်း စိုက်​ကြည့်​​နေမိသည်.....


အသားက ဖြူ​နေသည်​မှာ နှင်းခဲနှင့်​ပင်​ တူပြီး ရဲတွတ်​​နေ​သော နှုတ်​ခမ်းပိုင်​ရှင်​...ထို့ပြင်​ မျက်​လုံးများကလည်း ကရုဏာ​မေတ္တာပါလှသည်...

Kyungsoo တစ်​ခါမှ အခုလို မခံစားဘူးခဲ့ သူ့တစ်​ကိုယ်​လုံး ရုတ်​တရက်​ ဓာတ်​လိုက်​သလို ခံစားလိုက်​ရပြီး အကြည့်​​တွေကို ​ရှောင်​လွှဲ၍မရ~~

အ​တော်​ကြာမှ သတိပြန်​ဝင်​လာပြီး...

"ဟုတ်​....ဟုတ်​ကဲ့ အဆင်​​ပြေပါတယ်​ စက်​ဘီးက အရှိန်​​လျှော့ထားတာဆို​တော့ သိပ်​မထိခိုက်​မိပါဘူး...သွားလိုက်​ပါဦးမယ်​"

ထိုလူကလည်း Kyungsoo ကို အကြာကြီးစိုက်​ကြည့်​​နေသည်​မို့ Kyungsoo မခံစားနိုင်​​တော့ဘဲ ထသွားရန်​ ပြင်​လိုက်​သည်

Let Me Be Your GuardianWhere stories live. Discover now