တာဝန်ယူမှု

294 8 4
                                    

ကျေးဌက်တို့၏ ကြာကြာကျီကျီတွတ်ထိုးသံများကြောင့် စိတ်
မကြည်လင်စွာ နိုးထလာရပြီး ခေါင်း‌တွေမူးနှောက်နေပြီး ခပ်ပြင်းပြင်း"အနံ"တို့နှာခေါင်းထဲ အဆီအလျော်မရှိဆိုးဆိုးရွားရွားဝင်လာကြပြီ ရုတ်တရက်ထဖို့ပြင်လိုက်သော ရှင်မင်း နာကျင်မှုကို ဆိုးရွားစွာခံစားလိုက်ရသည်။
နာကျင်မှုဆိုးရွားလွန်းလို့မျက်ရည်တောင်ဝဲမိနေသည် ညကအဖြစ်အပျက်များကြောင့်ဒေါသရော ရှကိတ်တို့ပါရောထွေးပြီး ယောကျာ်းတယောက်၏ မာနကိုလည်း ထိပါးသွားပြီမို့ ခံပြင်းစိတ်တို့ကတဖွားဖွားပေါ်လာပြီး ထိုသတ္တဝါအားအမွေးနှုတ်သက်ပြစ်ချင်စိတ်များပေါ်လာသည်
‌အခန်းထဲ‌တွင်ဘယ်သူမှရှိမနေတော့ပါ ကွတကွတဖြစ်နေသောကိုယ်ဟန်အနေအထားဖြင့် လှေကားမှတဆင့်အောက်ဖက်ကိုဆင်းလာရသည် တအိမ်လုံးခွေတကောင်ကြောင်တမှီးမှမရှိနေပါ တိတ်ဆိတ်ငြိမ်သက်နေပြီး အပ်ကျသံတောင်မကြားရပါ သို့သော်
ထမင်းစားပွဲပေါ်တွင် အုပ်ဆောင်းဖြင့် တခုခုကိုအုပ်ထားမှန်းမြင်နေရ၍ အုပ်ဆောင်းအသာဖွင့်ကြည့်မှ မနက်စာကောက်ညှင်းပေါင်း ဆီထမင်းနှင့် ငါးရံခြောက်ဖုတ်ဆီဆမ်းတို့ထားရှိထားသည်ကိုတွေ့ရသည်။
ရှင်မင်လည်း ဘေးဘီဝေ့ကြည့်တော့ စာတစ်‌ စောင်ကို ရေနွေးပန်းကန်ဖြင့်ဖိထားသည်ကိုတွေ့ရသည်။ ဒီစာသည်ဟိုလူကြီး၏စာပင်ဖြစ်မည်ဟု တွေးမိသည် စာကိုဖွင့်ကြည့်လိုက်တော့ သူထင်ထားသည့်အတိုင်းပင် စာထဲတွင် မနက်စာစားဖို့နှင့် ကိစ္စအဝအဝကိုသူတာဝန်ယူကြောင်း သူအပြစ်တွေကိုခွင့်လွှတ်ပေးဖို့ တတွတ်တွတ်ရေးထားတာဖြစ်ပြီး သူကတာဝန်ယူမယ် လို့ပြောထားခြင်းကို စာဖတ်ရင်းနှင့်ပင် ကြက်သီးတဖြန်းဖြန်းထမိသလိုရှိလာရသည်။
ကိုယ်လက်သန့်စင်ပြီး အသင့်ဖြစ်နေတဲ့မနက်စာတွေကိုစားသောက်လိုက်ပြီး ဖျားချင်ချင်ဖြစ်နေသောကိုယ်ကြောင့် အပေါ်ထပ်အခန်းငယ်လေးတွင်းသို့ သွားလှဲနေမိသည်။ ထိုအခန်းသည် ဟိုလူကြီး၏အခန်းဖြစ်သည် လောလောဆယ်မိမိအခြေအနေကြောင့် ဒီမှာခနနေရန် ဆုံးဖြတ်လိုက်သည်။ ထိုလူမလာခင်ထပြန်ဖို့တော့တွေးထားသေးသည် ဆေးရှိန်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည် ။
ပါးပြင်သို့ခပ်အေးအေးအရာတခုလာထိတွေ့မှနိုးလာရသည်။
မျက်စိဖွင့်လိုက်သည်နှင့် ‌မမြင်ချင်ဆုံးလူနှင့်အကြည့်ချင်းဆုံရပြန်သည် အလန့်တဖြတ်ထမိသောအခါ ခါးအောက်ရှိနာကျင်မှုဒဏ်ကြောင့် ရှုံးမဲ့မဲ့ဖြစ်သွားရပြန်သည် ။
ထိုခပ်အေးအေးလက်တို့ နှဖူးပြင်ထက်ဆုံဆန်သွားကာ ပခုံးမှဆုပ်ကိုင်၍ ပြန်လှဲချလိုက်သည်။
ရှင်မင်းမျက်လုံးတွေပြူးရပြန်ပြီ
ဘာ ဘာလုပ်မို့လည်း ခင်များနော်.........
မင်းကိုတွေပူနေတယ် ခနလောက်ပြန်လှဲနေဦး ကိုဆန်ပြုတ်လေးပူပူလေးပြုတ်ပြီးပြန်လာခဲ့မယ် ဒီမှာစောင့်နေ
ဒီမှာ ခင်များဘာမှ လာအပိုလုပ်နေစရာမလိုဘူး ဒီလိုလုပ်ပေးလို့ စိတ်လျော့သွားမယ် ခင်များအပြစ်လျော့သွားမယ်ထင်လား??
အပြစ်တင်ချင်နောက်မှတင် အခုမင်းကိုဂရုစိုက်ဖို့ကိုယ့်မှာတာဝန်ရှိတယ်
တာဝန် ဘာတာဝန်လည်း ကျနော်ယောကျာ်းတယောက်ပါ အဲ့လောက်ပျော့ညံနေတယ်ထင်လား ခင်များအောက်ကိုတခါ‌ရောက်သွားတာနဲ့ ကျနော်မိန်းမဖြစ်သွားတာမှမဟုတ်တာ
မဟာ လှည့်ဖြေမနေတော့ဘဲလျစ်လျူရှုပြီး အောက်ထပ်သို့ခပ်သွက်သွက်ဆင်းလာလိုက်သည်။

‌( Happy Thidingyut)ပါ
ဒီFicလေးကိုပြန်ရေးဖို့ကြိုးစားနေတာကြာပါပြီ အခုမှပြန်ရေးဖြစ်တာပါ အကုန်လုံးကျန်းမာရေးဂရုစိုက်ကြပါ တပတ်3ပိုင်းတင်ပေးနိုင်ဖို့ကြိုးစားနေပါတယ်💙

 ''ချစ်ရပါသောသူငယ်ချင်းခင်ပွန်းလောင်း" ''ချစ်ရပါသောသူငယ်ချင်းခင်ပွန်းလောင်း" Where stories live. Discover now