
654 26 2
                                    

မဟာ ရော ရှင်မင်းပါ အတန်ကြာကြောင်နေမိပြီးမှ စိတ်ထဲသိပ်ထားမနေဘဲကားပေါ်သို့ပြန်တက်ကာ ခရီးဆက်တော့သည်။

လမ်းခရီးကမီးတိုင်များကိုအားပြုမောင်းနေရပြီ လမ်းတလျောက်တွင် ကားများများစားစားမတွေ့ရ တစ်စီးနှစ်စီးသာတွေ့ရပြီး မြို့ဝင်ဆိုင်းဘုတ်တခုပြီးတခုကျော်လာတိုင်း တိတ်ဆိတ်မှုနဲ့ အမှောင်တို့သာကြီးဆိုးလို့လာသည်။

ကားပေါ်ကလေထုကတော့ ညိမ်သက်နေပြန်သည် ငိုက်မြည်းစပြုနေသောမျက်လုံးများကို မတွန်းလှန်နိုင်သော ရှင်မင်းမြတ် ကအားတင်းကာသီချင်းသဲ့သဲ့ကို ကားအတွင်းလွင့်စေလိုက်ပြီး မဟာကိုလဲစကားတခွန်းစနှစ်ခွန်းစဖြင့် အဖော်ပြုလာသည် ။

တနေရာတွင်အရောက်တွင် ကားရှေ့ဖြတ်ဝင်လာသော အရိပ်တခုကြောင့် ထင်ထင်ရှားရှားမမြင်ရ ( ကျွဲ/ နွား)ပြေးဝင်လာတာကြောင့် ကားကိုဘေးဘက်သို့ဆွဲအကွေ့ တွင် အနားရှိသစ်ပင်ကြီးဆီသို့ ဆိုက်ရောက်သွားပြီး ကားပေါ်ရှိလူနှစ်ဦးလုံး အသိအာရုံ အမှောင်တိလွမ်းသွားခဲ့သည်။
**************************************

မျက်လုံးကိုဖြေးဖြေးချင်းဖွင့်မိတော့ တိုးလာတဲ့အလင်းရောင်ကြောင့်မျက်လုံးများကျိမ်းစပ်သွားရပြီး လူးလွန့်သွားသည်။

"  လူလေးသတိရလာပြီလား "  အသံကြားရာဘေးဘက်သို့ ငဲ့ကြည့်မိတော့ အသက်အရွယ်ကြီးကြီး အဘတစ်ဦးကိုမြင်လိုက်ရသည် ဘေးဘက်သို့ဝေ့ဝဲရှာမိသည် မြင်နေကြအရာတွေနဲ့မတူသော စိမ်းသည့်ပတ်ဝန်းကျင်ကြောင့် ငေးမောနေမိပြန်သည်။  မေးဖို့အားပြုပြန်တော့ခြောက်ကပ်နေသော လည်ချောင်းကြောင့် အသံတို့ပင်ထွက်မလာ အားပြုထိုင်မည်အပြုတွင် စိတ်နောက်ကိုမပါ နာကြင်မှုသာခံစားရရှိသည်။

ဘေးဘက်မှအဘက ::လူလေးသက်သာရဲ့လားလား ဖြေးဖြေးထပါကွယ်
အဘကသူ့အားပြောရင်းတစ်စက်ထဲပင် နောက်သို့လှမ်းအော်ခေါ်သည်။

" လုံမတို့လာခဲ့ကြစမ်းပါအုံး လူလေးသတိရလာပြီ သောက်ရေပါတပါထဲခပ်ခဲ့စမ်းပါကွယ်"

အနောက်ဘက်မှ "လာပြီ အဘရေ" ဟုဖြေသံနှင့်အတူ မိန်းကလေးတစ်ဦးအပြေးထွက်လာသည်။
အဘက ထူ၍ ရေခွက်ကိုပါးစပ်နားကပ်ပေး၍ ရေသောက်စေသည်။
ရှင်မင်းမြတ် လဲအငမ်းမရသောက်မိလေသည်။

 ''ချစ်ရပါသောသူငယ်ချင်းခင်ပွန်းလောင်း" ''ချစ်ရပါသောသူငယ်ချင်းခင်ပွန်းလောင်း" Where stories live. Discover now