8

583 101 15
                                    

Unicode

ဒီနေ့တော့ မိုးက မိုးလင်းထဲက သည်းသည်းမဲမဲ ရွာချလို့နေသည် ဒီနေ့မှပဲ အလုပ်ကိစ္စကြောင့် Kim Jongin တို့Companyကို သွားရပါမယ်ဆိုမှပဲ

မတတ်နိုင်ဘူး ဒီလိုမျိုးမိုးဆက်သည်းနေမယ်ဆိုရင်တော့ဟိုဘက်က Managerကိုဖုန်းဆက်ပြီး ချိန်းထားတာကိုဖျက်ရမှာပဲ
ဘာမှလည်းလုပ်စရာအထွေအထူးမရှိတာနဲ့ ကော်ဖီပူပူလေးတစ်ခွက်ဖျော်ပြီး TVဖွင့်ကာကြည့်နေလိုက်သည်

Ring..........

Screen မှာပေါ်နေတာက နံပါတ်စိမ်းမို့ Kyung Soo မကိုင်ပဲ ထားလိုက်ပြီး TVဆက်ကြည့်နေလိုက်သည်

ဒါပေမယ့် ဆက်တိုက်ဝင်လာတဲ့ ဖုန်းကြောင့် မျက်​ေမှာင်​ြကုတ်လိုက်ရင်း ဖုန်းကိုကိုင်လိုက်သည်

ဘာ်သူမို့လို့ဒီလောက်ထိဆက်နေရတာလည်းမသိ

" ဘယ်သူလဲ "

ဖုန်းကိုင်ပြီးချင်း ပိတ်ဟောက်လိုက်တာမို့ ဟိုဘက်က တော်ရုံနဲ့အသံမထွက်လာ Kyung Soo ရဲ့စိတ်ရှည်သည်းခံနိုင်မှုကဒီလောက်ထိပဲ

" ဘာမှမပြောရင်ဖုန်းချလိုက်တော့မယ် တကယ်ပဲ ဘယ်ကဖုန်းသရဲတွေလည်းမသိဘူး "

" ကိုယ်ပါ "

ဖုန်းချခါနီးထွက်လာတဲ့ အသံကြောင့် Kyung Soo လက်တွေရပ်သွားသည်

" Jongin ပါ "

" အတော်ပဲ ဒီနေ့ခင်ဗျားတို့companyကိုမလာဖြစ်ဘူးပြောမလို့ နောက်နေ့မှပဲ ပြန်ချိန်းလိုက်ပါ့မယ် တောင်းပန်ပါတယ် CEO ဒါဆိုရင် ဖုန်းချလိုက်ပါတော့မယ် "

ပြောပြီးဖုန်းကိုချက်ချင်းချပစ်လိုက်သည်
မပတ်သက်ချင်ပါဘူးဆိုမှ ဘယ်ကနေဘယ်လိုKyungSooဖုန်းနံပါတ်ကိုရသွားရတာလည်း

ထပ်ပြီးဝင်လာတဲ့ Callတွေကြောင့် စိတ်ပျက်လက်ပျက်နဲ့ နောက်တစ်ခါထပ်ကိုင်လိုက်သည်

" ခင်ဗျား ဘာဖြစ်ချင်နေတာလဲ ပြော"

" ကိုယ်မင်း ကွန်ဒိုအောက်ရောက်နေတယ် မင်းဆီလာလို့ရမလား "

" မရဘူး "

"ကိုယ်အရမ်းအေးနေပြီမို့ "

" ကိုယ့်အိမ်ကိုယ်ပြန်ပါလား "

You've reached the end of published parts.

⏰ Last updated: Jul 29, 2021 ⏰

Add this story to your Library to get notified about new parts!

O L D  F L A M E Where stories live. Discover now