4

586 137 21
                                    

Unicode

ကားထဲရောက်တာနဲ့ လော့ချပစ်ပြီး ရှေ့မှာဝင်ထိုင်ပြီးစက်နှိုးနေတဲ့ Kim Jongin က ဘာကိုမှဂရုမစိုက်တဲ့အတိုင်းပဲ

" ခင်ဗျား ဒါပြန်ပြေးဆွဲမှုနော် တံခါးဖွင့်ပေး "

". . . . . "

" ရူးနေပြီလား Kim Jongin ခင်ဗျား ဘာတွေအရူးထပြီး ကျွန်တော့်ကိုလိုက်ဒုက္ခပေးနေတာလည်း တော်လိုက်ပါတော့ ကိုယ့်ဘဝနဲ့ကိုယ်နေခွင့်ပြုပါဦး "

ကားမောင်းနေရင်း နောက်ကိုငဲ့ကြည့်လာတဲ့ မျက်နှာထားက Kyung Soo ကပဲသူ့ကိုအရေးမပါတာတွေပြောနေသလိုနဲ့ ခပ်ပြုံးပြုံးနဲ့

" ခင်ဗျား ခင်ဗျားနဲ့ နားခါးလိုက်တာ ဟန်နီရာ အရင်ကတိုင်း မောင် လို့ပဲခေါ်ပါ "

ဘာဆိုဘာမှဆက်မပြောနိုင်တော့တဲ့အထိ Kyung Soo ဆွံ့အသွားရသည်

ရူးသွားပြီ
Kim Jongin ကအမှန်တကယ်ကိုရူးခါသွားပြီပဲ

အရူးကိုဆက်ပြောနေလို့လည်းဘာမှထူးမှာမဟုတ်တော့

ဒီပုံအတိုင်းသာဆို Kyung Soo ဘယ်လောက်ငြင်းငြင်း Kim Jongin ကဇွတ်တရွတ်လုပ်ဦးမှာကျိန်းသေပဲ

မတတ်နိုင်ဘူး အရူးလက်ထဲရောက်နေမှတော့ ဘာမှမတတ်နိုင်တော့ဘူး

ငြိမ်ကျသွားတဲ့ Kyung Soo ကို သူက ထပ်ပြီးလှည့်ကြည့်လာတော့ မျက်နှာလွှဲပစ်လိုက်သည်

ငြင်းလို့မရတဲ့အဆုံးတော့ မျက်နှာလွှဲထားတာသာအကောင်းဆုံးသောနည်းလမ်းပဲ

" ဟန်နီကြိုက်တဲ့ တရုတ်အစားအစာ ​ေကာင်းတဲ့ဆိုင်လေး မောင်ရွေးထားတယ် ပြီးတော့ ဟန်နီကလည်းပိန်သွားတော့ အများကြီးစားရမယ်နော် "

သူ့ကိုယ်သူ အရင်က နာမ်စားကိုပြန်သုံးနေတဲ့ Kim Jonginကတကယ်ကိုပဲ မျက်နှာပြောင်တိုက်လွန်းသည်

Kyung Soo မုန်းလွန်းလို့ရူးသွားတော့မှာပဲ

ဒီလိုနဲ့ သူပြောတဲ့ ဆိုင်ရောက်တော့ Car parking ထိုးပြီးကားပေါ်ကအရင်ဆင်းသွားကာ Kyung Soo ရှိတဲ့အနောက်တံခါးကိုဖွင့်ပေးလာတာကြောင့် သူ့မျက်နှာကိုမကြည့်ပဲ ဆင်းလိုက်သည်

O L D  F L A M E Where stories live. Discover now