အပိုင်း-1

559 54 8
                                    

Unicode***

" ဒီနေ့အတွက်တင်ပြချင်တဲ့သတင်းကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံးသော J Groupဟာဆိုရင် အခွန်လိမ်လည်မှုဖြင့် ထိန်းသိမ်းခံထားရပါသည်.....J groupဘက်မှရှယ်ယာဝင်များရဲ့ဆူပူမှုများကြောင့် သတင်းထောက်များသာမက တစ်ခြားဝန်ထမ်းများ၏ရှုတ်ချမှုတို့ကြုံနေရပါတယ်..J Groupရဲ့ဆက်ခံသူဖြစ်တဲ့Kim Seok Jinဆိုသည့် သူမှာပျောက်ဆုံးနေလျက်ရှိပြီးရှာဖွေနေဆဲလဲဖြစ်ပါတယ်.နောက်ထပ်သတင်းများကိုအချိန်နဲ့တပြေးညီတင်ပေးသွားပါမယ်...ကျွန်မကတော့ KBSမှသတင်းတောင် Eun Soo Jinဖြစ်ပါတယ်.."

TV screenပေါ်မှတင်ဆက်နေသည့်သတင်းအား ပြုံးရိပ်သန်းကာကြည့်နေသည့်သူတစ်ဦး....။

ထို့နောက်မိမိ၏နောက်တွင်ရှိနေသည့် အမှောင်ထဲမှလူတစ်ဦးအား ရယ်ရင်းဖြင့်သာTae Hyungဆိုလိုက်သည်...။

" ကိုကိုတွေ့လား..သူတို့အကုန်လုံးကလေအရူးတွေလိုပဲ..ကိုကိုကျွန်တော့်အနားမှာရှိနေတာကို သူတို့ကကို့ကိုကိုလိုက်ရှာနေကြတယ်..ဟားဟားဟားဟား .ပြီးတော့ကိုကိုရောပဲ..ကိုကိုလဲအရူးပဲ..ကျွန်တော့်အနားမှာပဲနေနေရင်ရရဲ့သားနဲ့...ဘာဖြစ်လို့ခွဲထွက်ချင်ရတာလဲ Kim Seok Jin..ဟမ်!!?"

အမှောင်ထဲမှထိုသူသည် မိမိရှေ့မှသူပြောသမျှကိုသာငြိမ်နားထောင်နေသည်..လက်၌ချည်နှောင်ထားသည့်ကြိုးများ ကထိုသူအားခုခံခွင့်မပေးခဲ့ချေ...။ခြေထောက်မှသံခြေချင်းတို့ကလဲ ဝေးဝေးပြေးခွင့်မရခဲ့ချေ....။

မိမိအရှေ့မှလူပြောသမျှတို့အားလဲ နှုတ်ခမ်းမှ ပိတ်လှောင်ထားသည့်တိတ်အဝါတို့က ရပ်တန့်နေစေ၏....။

" ကိုကိုပြောလေ..ကျွန်တော်ကကိုကို့ကိုပဲစကားတွေပြောနေရတာ...ဟက်..ဟုတ်သားပဲ ကိိုကိုကအဆုံးထိ မဟုတ်ဘူးအစတည်းကကျွန်တော့်ကိုဆိုဂရုမစိုက်ခဲ့တာ.."

" အွင်း..အွင်း.."

ထိုမှသတိရသွားသောပုံစံဖြင့်....

" အာ..ကိုကို..တောင်းပန်ပါတယ်..ကျွန်တော်ကိုကို့ကိုပါးစပ်ပိတ်ထားမိတာကို..ကျွန်တော့်ကိုစိတ်မဆိုးနဲ့နော်??.. ဟုတ်တယ်မလားစိတ်မဆိုးဘူးမလားဟင်??"

왜 나야?? Why Me??(Z+U)Where stories live. Discover now