အပိုင်း-3

216 46 8
                                    

Unicode Ver:

ဝေးသထက်ဝေးနေတဲ့ဆက်ဆံရေးတွေကျတော့ မြဲဖို့ကျွန်တော်တို့ကဆွဲထားသင့်လား?
သွားပါစေဆိုတဲ့စိတ်နဲ့လက်လွှတ်ပေးသင့်လား?? ဒါပေမဲ့ဘယ်လောက်ရွေးချယ်မှုတွေကရှိရှိ နောက်ဆုံးရွေးချယ်မှုက ကိုယ်ပျော်ဖို့ပဲဖြစ်နေခဲ့တယ်

^^^^^

"ဟေး ဆော့ဂျင်းအသက်ရှိသေးရဲ့လား သေပြီလား"

လက်မောင်းပေါ်ကိုဖြတ်ခနဲအရိုက်ခံရတော့ပက်ခနဲနမ်ဂျွန်းတဖြစ်လဲဘေးကမှန်ကြောင်ကောင်ကိုပြန်အော်မိသည်
သူ့အော်သံကြောင့် အခန်းထဲကကျောင်းသားကျောင်းသူတစ်ချို့ကသာမက အခန်းဝမှစီနီယာဟယ်ဆောင်းကပါသူ့ဆီအကြည့်ရောက်လာသည် ။

ပါးစပ်ကိုမြန်မြန်ပြန်ပိတ်လိုက်ပြီးတာနဲ့

"ဆောရီး အမှားလုပ်မိသွားတာ "

တစ်ခြားသူတွေကိုလဲတောင်းပန်သလို နမ်ဂျွန်းကိုလဲပြန်ရိုက်ဖို့မမေ့ပေ။

"ချီးပဲ!နာတယ်ကွ!"

"ဟက်!မင်းအသားကျနာတတ်တယ်ဟုတ်လား??"

သူတို့စကားထဲအာရုံဘယ်လောက်ရောက်သွားလဲမသိ သူတို့ရှေ့လာရပ်တဲ့သူကြောင့်
ဆော့ဂျင်းတို့နှစ်ယောက်ခေါင်းဆိုင်နေပြီးမှ

"စီ...စီနီယာ?"

သူကသာရင်တုန်းပန်းတုန်နဲ့ခေါ်နေခဲ့ပေမဲ့ သူမရဲ့ဦးတည်ရာကဘေးကမှန်ကြောင်ကောင်ဆီတွင်

"ဟိုလေ ကင်မ်နမ်ဂျွန်း ဆိုတာလား??"

ဘယ်လို?စီနီယာက နမ်ဂျွန်းကိုသိလို့လား??

"ဟုတ်ပါတယ် စီနီယာ "

"ဟူး...တော်ပါသေးရဲ့ အစ်မကဟယ်ဆောင်းပါ ဂန်ဟယ်ဆောင်း ဒီနေ့အတန်းကအစ်မရဲ့စာတမ်းအတွက်အထောက်အကူလိုလို့လေ
ခနလေးနဲ့လဲနားလည်ဖို့မလွယ်လို့
ပါမောက္ခကိုအကူအညီတောင်းတော့ဒီကနမ်ဂျွန်းလေးဆီကိုသွားဖို့ပြောလို့ "

သူ့ဆီကိုလှည့်ကြည့်ဖို့အတွေးမရှိသူလိုလုပ်နေကြတဲ့သူတွေကြောင့်သူပဲအရှက်မရှိဖို့ဆက်ဆုံးဖြတ်လိုက်သည်

"ကျွန်တော်ကကင်မ်ဆော့ဂျင်းပါ "

"ဪ...ကင်မ်ဆော့ဂျင်းလေးလား??ဆောရီး အစ်မမတွေ့လိုက်လို့ "

왜 나야?? Why Me??(Z+U)Where stories live. Discover now