အပိုင်း-2

258 43 6
                                    

Unicode***

အချိန်တွေကြာလာတာနဲ့အမျှ ယောင်းလေးက သူနဲ့အချိန်တိုင်းနီးပါးအတူတူရှိကြသည်

အန်တီဆယ်ယောင်းကလဲအခုနောက်ပိုင်းဖေဖေနဲ့ပိုရင်းနှီးလာသလို ပြီးတော့ယောင်းလေးကလဲတစ်ခါတလေအာပါးရှေ့ဆိုငြိမ်ငြိမ်သွားသည်
ဒါပေမဲ့သူမကြိုက်တာကိုတော့ ဂျစ်ကန်ကန်ပုံစံဖြင့်ငြင်းဆိုတတ်သည်
ယောင်းလေးတစ်ခါမှမပြောဖူးတော့ သူလဲမသိဘူးပေါ့လေ

သူတို့ကျောင်းတက်ပြီဆိုလျှင်လဲ အားချိန်ရတိုင်း ယောင်းလေးရှိတဲ့
အငယ်တန်းတွေဆိီသွားသွားလည်သည်

ပြီးတော့ယောင်းလေးမှာသူ့အပြင်ထပ်ခင်ရမဲ့သူတစ်ဦးထပ်ပေါ်နေပြီဖြစ်၏။
ဘတ်ဂျီမင်းတဲ့လေ လူကောင်ကသေးသေးလေးနှင့်ယောင်းလေးနဲ့ဆိုလျှင်ခေါင်းတစ်လုံးစာပိုသေး၏
အထူးသဖြင့်သူ့ရဲ့လက်သေးသေးလေးတွေကတကယ့်ကိုအသည်းယားစရာ
သူနဲ့ပါအကြိုက်ချင်းတူတဲ့သူ့ညီက ခင်တော့လဲ တကယ်ချစ်စရာမိုချီလုံးလေးကိုမှရွေးခင်တာမျိုး

"ယောင်းလေး ထမင်းသွားစားရအောင် "

သူလာခေါ်တော့ရေးလက်စစာတွေကိုရပ်ပြီးခေါင်းငြိမ့်ပြသည် ဂျီမင်းလေးကတော့ သူ့ကိုမြင်ပုံမပေါ်သေးပဲ သင်ပုန်းကစာကိုပြူးကြည့်လိုက်မျက်မှောင်ကျုပ်ပြီးစာကူးလိုက်ပင်ရှုပ်နေသည်

နောက်ဆုံးတော့ သူ့ကိုသွားခေါ်ရတာကယောင်းလေးပဲဖြစ်သည်

"မုန့်သွားစားမယ်ဂျီမင်း "

" အင်း ထယ်... အာ အစ်ကိုဂျင်!"

သူတို့သုံးယောက်စားသောက်ခန်းရောက်တော့ ယောင်းလေးကတစ်နေရာရာကိုသဘောမကျသလိုခပ်တန်းတန်းကြည့်နေသည်
သူ့ကိုဆိုအဲ့လိုမကြည့်ပေမဲ့ အရွယ်နဲ့မလိုက်​ယောင်းလေးကတကယ်ကိုကြောက်စရာ..

"ဘာလို့လဲယောင်းလေး ထမင်းစားရင်အဲ့လိုမနေနဲ့လေအသက်ကြီးရင်နှဖူးတွေတွန့်တယ် "

"....."

ဪ..သူ့ကိုစကားပြန်မပြောဘူးပေါ့လေ!
သူလဲထိုကောင်လေးကြည့်တဲ့နေရာကိုကြည့်မိတော့ သူ့ဘေးရောက်နေတဲ့ကောင်လေးတစ်ယောက်

왜 나야?? Why Me??(Z+U)Where stories live. Discover now