_12_Future can't be predicted but make the best memory in your youth.

2.2K 119 9
                                    

2015 April.

" ဟေ့.... မပြေးနဲ့.... "

ထွေးစုသာ အော်ရင်းနဲ့ ထွဋ်ဦးသာကို နောက်ကနေ ခုန်အုပ်ကာ ဂုတ်ပိုးကနေ ဖိထားသည်။

"အာ..... စုစု.... နာတယ်ဗျ.... နာတယ် "

ထွေးစုသာက မညှာမတာ တူဖြစ်သူကို ဖိထားလျက်....

" နာတယ်ပေါ့.... ဟုတ်လား.... နာတယ်ပေါ့။ နင့်ဘာသာ ကောင်မလေးတွေနဲ့ ရှုပ်ရုံတင်မကဘူး... ငါ့ကိုပါ ဆွဲထည့်တာ ကောင်းသလား.... အထွဋ် လူဆိုးကောင်... "

ထွေးစုသာ ပြောရင်းနဲ့ ထွဋ်ဦးသာ ဗိုက်ခေါက်ကို လိမ်ဆွဲပြီးမှ လက်လွှတ်လိုက်သည်။ ထွဋ်ဦးသာ မတ်မတ်ရပ်လိုက်သည့်အခါ ထွေးစုသာက အလွန်ကို သေးငယ်သည့် ကောင်မလေး ပြန်ဖြစ်သွားသည်။ နဗျင်းထည် ဝမ်းဆက်လေးဝတ်ထားပြီး ခါတိုင်းလိုပဲ ဆံပင်ရှည်ကြီးကို ထိပ်မှာစုထုံးထားပြီး သနခါးတွေကို အိနေအောင်လိမ်းထားသည့် သူမသည် အသက်ကြီးလှတယ် မထင်ရပဲ ထွဋ်ဦးသာရဲ့ အဒေါ်ပါလို့ပြောရင် ယုံမယ့်သူရှားလှသည်။ ထိုအရာကပဲ တူအလိမ္မာလေး ထွဋ်ဦးသာက ကောင်မလေးတစ်ယောက်ကို ဖြတ်ချင်တာအတွက် အကြောင်းပြချက်ဖြစ်သွားရသွားခဲ့သည်။ သူ့ရည်းစားက ဒီမြို့ကပဲဖြစ်သည်။ ရစ်လွန်း ချွဲလွန်း၍ ထွဋ်ဦးသာက စိတ်မရှည်တော့ပဲ ဖြတ်ချင်နေတုန်းမှာ တူဝရီးနှစ်ယောက်ရိုက်ထားတဲ့ဖုန်းထဲက ဓာတ်ပုံကို မြင်ပြီး ကောင်မလေးက ပြသနာရှာတော့သည်။ ထွဋ်ဦးသာက ဒါကို အခွင့်ကောင်းယူကာ ကောင်မလေးအသစ်ရနေပြီလို့ ပြောပြီး ဖြတ်ခဲ့သည်။ ဖြစ်ချင်တော့ သင်္ကြန်ကို ထွေးစုသာ လာတော့ မေဖူးနဲ့ နှစ်ယောက်သား ဘုရားသွားကြရာကနေ ထိုကောင်မလေးနဲ့တွေ့ပြီး ရန်တွေ့ခံခဲ့ရလေသည်။

" သားက စုစုနဲ့ အဲ့ကောင်မလေး မတွေ့လောက်ဘူး ထင်နေတာကို..... "

" ဆရာဝန်ပဲ ဖြစ်တော့မှာကိုနော်..... သတိထားနေ။ နင့်ထက်လည်တဲ့ကောင်မလေးနဲ့တွေ့သွားမှ ဘွဲ့လည်းရ မိန်းမလည်း ရဖြစ်နေမယ်.... "

ထွဋ်ဦးသာ ပခုံးတွန့်ပြလိုက်ပြီး....

" အဲဒါတော့စိတ်ချ.... စုစု။ သားက မိန်းမမယူဘူး.... "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now