_20_You're my lucky clover.

2.5K 131 7
                                    


" ဘိုဘို.... အဆင်ပြေရဲ့လား.... "

" ပြေပါတယ်.... "

ဂိမ်းကိုပဲ အာရုံစိုက်ဆော့နေရင်းက ဘိုဘိုက မေးတဲ့ကောင်လေးကို မော့မကြည့်ဖြစ်ပါ။

" ကိုယ်တို့ ဘိုဘိုက အသည်းကွဲလေ.... in game မှာ ရှယ်ကြမ်းလေကွ.... "

စွမ်းရည်ဘိုပြောတော့ ဘေးမှ Jacob နဲ့ Berry က ရယ်ကြသည်။

" အာကီပြီးရင် ဘိုဘိုက ဂိမ်းဆော့ရင် အလောင်ဆုံးပဲ.... ကိုတယ်မလား ကိုစွမ် "

" ဝိုး... မိုက်လှချည်လား။ မင်းက အရမ်းစွတ်တိုးနေလို့ မင်းသေမယ် မှတ်နေတာ "

" ဘိုဘိုကွ.... လွယ်လွယ်မသေဘူး.... "

" even die i'm the hero ပါဆိုကွာ.... "

" အာကီ ဒီ Buff ကို စားပြီးရင် ရှယ်ကြမ်းပြီ.... သွားမယ် ဟိုဘက်အသင်းကို ရိုက်ကြမယ် "

" ရိုက်မယ်ကွာ..... ကြာတယ် "

Jacob က ကုန်းအော်လိုက်သည်။

သူတို့အသံကုန်အော်ဟစ်ရင်း ဂိမ်းဆော့နေကြသည်။ သူတို့အသံများက တစ်ခုခုကိုနာကျင်နေရတာပဲဖြစ်ဖြစ် ဝမ်းနည်းနေတဲ့ စိတ်ဝိဉာဥ်ပဲဖြစ်ဖြစ် လွင့်ပျောက်သွားအောင် အားမာန်တို့ ပြည့်နေကြသည်။

အိပ်မက်တွေ ထမ်းပိုးသယ်ဆောင်ထားတဲ့ ဒီလူငယ်လေးတွေမှာ ကိုယ်စီဒဏ်ရာတွေနဲ့မို့....

############

" Good morning.... "

" Morning.... မေဖူးလေး "

ရုံးက အမနှစ်ယောက်က ရေသန့်ဘူးကြီးကို နှစ်ယောက်မနိုင်မနင်းမကာ သယ်လာရင်း နှုတ်ဆက်တော့ မေဖူးက ဘေးပတ်ဝန်းကျင်မှာ ယောက်ျားလေး တစ်ယောက်တလေများ တွေ့မလားလို့ ရှာမိသည်။ မတွေ့တော့ မေဖူးကပဲ ရေသန့်ဘူးကို အပြေးအလွှား ပြေးကာမလိုက်ရပြီး......

" ပေးပေး.... အဖူးသယ်ခဲ့မယ်။ Finance အခန်းက water cooler ဖို့သယ်နေတာမလား "

မေဖူးက ရေဘူးကို မနိုင့်တစ်နိုင်နဲ့ တစ်ယောက်ထဲသယ်နေတာကို အမနှစ်ယောက်က ကြည့်ကာ....

" အမတို့ ကူသယ်ပေးမယ်လေ မေဖူးရ..... မတော်လို့ မေဖူးထိခိုက်သွားမှ.... "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now