#အဆိပ်သင့်ပန်းသီး...

9 1 0
                                        

လမ်းခွဲဖို့ ပြောနေတဲ့
မင်းနှုတ်ခမ်းတွေက
ဘာကြောင့် တုန်ရီနေခဲ့တာလဲ...

ငါ့ကို မချစ်ဘူးလို့ ပြောနေတဲ့
မင်းမျက်ဝန်းတွေက
ဘာကြောင့် စိုလဲ့နေခဲ့တာလဲ...

ငါ့ဆီက
အတင်းရုန်းထွက်နေတဲ့
မင်းလက်ဖျားတွေက
ဘာကြောင့် အေးစက်နေခဲ့တာလဲ...

ငါ့ကို အရမ်းမုန်းတယ်ဆိုတဲ့
မင်းပါးပြင်ပေါ်မှာ
ဘာကြောင့် မျက်ရည်တွေ
ရွှဲရွှဲစိုနေခဲ့တာလဲ...
.....
........ငါ.....

ဘာကိုမှ....
နားမလည်နိုင်ခဲ့ဘူး...
...
မင်းနဲ့..ငါ....ကြား...
ဘယ်လိုအကြောင်းတရားတွေက
ခြားနားထားခဲ့တာလဲ
...
ညီမလေးရယ်..
...ငါ့ကို
ချစ်တယ်ဆိုတာလေး
တစ်ခုပဲ...
.....
ငါ့အတွက်
ထားခဲ့ပါ....

လင်းဝေ

​ကြေကွဲ အချစ်Donde viven las historias. Descúbrelo ahora