အစကတည်းက
မချည်နှောင်ခဲ့မိရင်
ဘယ်လောက်ကောင်းမလဲ....
နောက်ပြန်လှည့်ဖို့ ဆုံးဖြတ်လိုက်မှ
အရာရာ နောက်ကျသွားပြီဆိုတာ...
ငါ့နှလုံးသားက အလန့်တကြား သိလိုက်ရတယ်....
ကြိုးကလေးတစ်ချောင်းဟာ
ငါ့နှလုံးသားတစ်ခုလုံးကို
မရုံးနိုင်အောင် ရစ်ပတ်သွားခဲ့ပေါ့...
ငါဟာ..
ကိုယ့်ရဲ့ အကိုင်းအခက်မှာ
အပျင်းပြေလာနားတဲ့ ငှက်ကလေးကို
သံယောဇဉ်ဖြစ်မိတဲ့ သစ်ပင်တစ်ပင်နဲ့
တူမနေဘူးလား...
နောက်ဆုံးမှာ
အလွမ်းတွေနဲ့ တဖြည်းဖြည်း
သွေ့ခြောက် သေဆုံးသွားရမယ့်
ကန္တာရအလည်က
အထီးကျန် သစ်ပင်ကလေးက...ငါ..ပါ....ပဲ.....
မင်းအတွက်
လတ်လတ်ဆတ်ဆတ်
အောက်ဆီဂျင်တွေ ဆောင်ကျဉ်းပေးဖို့
လေတိုက်တိုင်း ယိမ်းပေးရတာ
ငါ ရင်ဘတ်တွေ အောင့်တယ်
ကောင်မလေးရယ်...
မင်းနင်းခြေ
ဖြတ်တောက်လိုက်တဲ့
သံယောဇဉ် အပိုင်းအစတွေကို ထွေးပိုက်...
ခေါင်းငိုက်စိုက်ချရင်း
ငါ့လမ်းတွေက တဖြည်းဖြည်းမှုန်ဝါးလာတယ်...
ငါ့ အနာဂတ်တွေဟာ ဘယ်မှာလဲလေ....
လှပတဲ့ နံနက်ခင်းတွေ..
သာယာတဲ့ ညချမ်းတွေ...
အေးမြတဲ့ လေပြေညင်းတွေ...
နွေးထွေးတဲ့ နေရောင်ခြည်တွေ..
ကြည်နူးဖွယ် ဆည်းဆာတွေ...
.....
............
ဒါတွေဟာ...မင်းနဲ့ငါကြား..
ဘယ်တော့မှ
မွေးဖွားမလာတော့ဘူးတဲ့လားကွယ်....။
လင်းဝေ
