Part...3

49 4 2
                                    


Zawgyi






အခုဆိုရင် ဂျောင်ကုသည် သူ့မိဘနှစ်ပါးလည်းပြန်လာပြီ
ဟုကြားသိရသောကြောင့်ခါတိုင်းရက်တွေလို ဖရိုဖရဲမနေ
တော့ပဲ ချက်ခြင်းပဲခန့်ညားတည်ကြည်သော မင်းသားအဖြစ်
မျက်စိတစ်မှိတ်အတွင်း မှော်ဆန်ဆန်ပြောင်းလဲသွားသည်။
ရုပ်ကလည်းအမတန်မှ လွမ်းနာကျနေသကဲ့သို့ ဖြစ်နေကာ
မျက်ရည်တု တွေကလည်းပါးပြင်ထက်ဝယ် စီးကျကာ....
ကားပေါ်ကနေဆင်းလာတဲ့ ခမည်းတော်တို့ဆီသို့...
အိန္ဒိယဇာတ်လမ်းတွဲတွေထဲကလို ဆလိုးမိုးရှင်းနဲ့ တလှမ်း
ချင်းဖြေးဖြေးချင်းပြေးကာ အနားရောက်မှအားရပါးရဖက်ပြီး
အလွမ်းသည်နေတော့သည်။

အထုပ်အပိုးတွေကိုအိမ်တော်ထိန်းတွေကလာယူပြီး...
ဂျောင်ကုခမည်းတော်ကတော့ အရှေ့ကနေပဲဦးဆောင်ပြီး
စံအိမ်ထဲဝင်ကာ အပန်းဖြေနေတော့သည်။ကျန်ခဲ့တဲ့ ဂျောင်ကုနဲ့သူ့မယ်တော်ကတော့..နှစ်ပေါင်းများစွာကွဲကာ
နေတဲ့သားအမိတွေအခုအမှ တွေ့ရသလို ပါးကိုနမ်းလိုက်
ဖက်လိုက်နဲ့..မပြီးနိုင်မစီးနိုင်။သူ့ခမည်းတော်ကတော့ ခေါင်း
တညိတ်ညိတ်နဲ့အဖြစ်သည်းနေတဲ့သားအမိကို ကော်ဖီသောက်ရင်း ပြတင်းပေါက်မှလှမ်းကြည့်နေတယ်။

ခမည်းတော်တို့ပြန်လာပြီဖြစ်သောကြောင့် ဂျောင်ကု တို့အရင်
လိုဘဝပြန်ရပြီပေါ့။

ရေမိုးချိုးကာ..ညစာစားရန်ထမင်းဝိုင်းဆီလာတော့..
ဟိုဆော့ပါရောက်နေသည်။
အတော်ပဲ ဟိုပိစိလေးအကြောင်းမေးချင်နေတာနဲ့..ရေကန်
အသင့်ကြာအသင့်ပေါ့ကွာ..သူမလာရင်တောင် တကူးတက
သွားခေါ်ပြီး..ခရေစိ တွင်းကျမေးမလိုဟာကို... ကံကောင်းချက်။

ထမင်းစားဝိုင်းတွင်တော့..ခမည်းတော်ကအရှေ့ဆုံးကခုံမှာ
ထိုင်ပြီး..မယ်တော်ကတော့ ခမည်းတော်နဲ့သိပ်မဝေးတဲ့ ခုံ
လေးမှာထိုင်နေရင်း ဟင်းတွေကိုထည့်ပေးနေတယ်။ကျနော်
လည်း ထောင့်အစွန်မှာထိုင်နေတဲ့ ဟိုဆော့ရဲ့ဘေးနားမှာပဲ
ဝင်ထိုင်ပြီး...ညစာစားလိုက်တယ်။

မယ်တော်က
"သား ဟိုဆော့ထည့်စားလေ..မကြိုက်ဘူးလား"

"ဟုတ်ကဲ့ ကြိုက်ပါတယ်ခင်ဗျ"

Prince Tae TaeDonde viven las historias. Descúbrelo ahora