အပိုင်း (25)

2.1K 123 2
                                    

တစ်ကယ် ချစ်မိပြီ

အပိုင်း  (25)

မေပယ် ပင်ကြီးအောက်မှာ ရှောင်ကျန့် ပြုံးကာ လမ်းလျှောက်နေသည်။ ဘေးမှာ ပါလာတဲ့ ရိပေါ် ဟာလည်း ရှောင်ကျန့် ပြုံးနေတာတွေ့တာမို့ သူပါ အလိုလို လိုက်ပြုံးမိသည်။

ခဏလေးပါဘဲ ကလေးရယ် ကိုကို  ကလေးကို စိတ်ဆိုးဉီးမယ် အရမ်းချစ်တယ် ကလေး..

လမ်းလျှောက်နေရင်း ရိပေါ် ဟာ ရှောင်ကျန့် ကို သူနဲ့ ကပ်နေအောင် နေသည်။ တစ်ခြား.မဟုတ်ဘူး တော်ကြာ ကလေးကို လိုက်နေတဲ့ လူတွေ ရှိရင် သူကဘေးက ကပ်ပါလာရင် ကလေးကို မလိုက်နိုင်တော့ဘူးမလား..။

"ကိုကို... ကိုကို... ကျွန်တော် ဗိုက်ဆာတယ် "

အိမ်ကနေ ထွက်လာခါနီးမှ မနက်စာ စားလာတဲ့ ကလေးက ဗိုက်ဆာတယ်တဲ့လား

ရိပေါ် လက်က နာရီ ကို ကြည့်မိသည်။ 11တောင်ထိုးနေပြီမလား..ကလေးလည်း ဗိုက်ဆာလောက်ရောပေါ့ ။

"လာ ဆိုင်တစ်ဆိုင်သွားမယ် "

"ဟုတ်. "

ချပေးလာတဲ့ အစားစာတွေကို ကလေးကပြုံးလို့  ကြည့်နေမိသည် ။

ရှောင်ကျန့် ခက်ရင်းလေးနဲ့ ဓားကို ကိုင်မလို့ဘဲ ရှိသေးတယ် ရိပေါ် က ရှောင်ကျန့် ရဲ့ အသားပါတဲ့ ပန်းကန်လေးကို ဆွဲယူသွားသည်။ အနေတော် စားလို့ရလောက်တဲ့ အသားတုံးလေးတွေကို လှီးပေးကာ ရှောင်ကျန့် ရှေ့ကို ပြန်ချပေးသည်။

"သေချာဝါးစားနော် အစာမကျေဘဲနေမယ်"

"ဟုတ် ကိုကို "

ရိပေါ် ရှေ့မှာ ချထားပေးတဲ့ ဟင်းပွဲတွေကို လိုက်မြည်းကြည့်သည်။ အရမ်းစပ်တာဆိုရင် ကလေးကို စားခိုင်းလို့ မရဘူး တော်ကြာ ဗိုက်အောင့်နေရင်  သီးနေရင် ဘယ်လိုလုပ်မလဲ ။

"ကိုကို စားတော့လေ "

"အင်း...ဒါတွေ အကုန်စားလို့ ရတယ် အရမ်းကြီး မစပ်ဘူး "

"ဟုတ်... ကိုကို...ကုန်သွားပြီ ထပ်လှီးပေးဉီး."

ယုန်သွားလေး.နှစ်ချောင်းပေါ်အောင် စိကာ ရယ်ပြတဲ့ ကလေးက အသားကုန်သွားပြီမို့ ထပ်ပြီး လှီးခိုင်းနေတယ်လေ ။ ရိပေါ် ထပ်မှာကာ ရှောင်ကျန့် အတွက် အသားလေးတွေကို ထပ်လှီးပေးလိုက်သည်။

တစ်ကယ် ချစ်မိပြီ (Complete) Where stories live. Discover now