အပိုင်း (35)

2.2K 117 4
                                    

တစ်ကယ် ချစ်မိပြီ

အပိုင်း (35)

ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် ကျန်းချန် တို့ ကျင်း Company က ဖိတ်တဲ့ ပွဲသို့ ရောက်နေကြသည် ။ ဝမ်ရိပေါ် နဲ့ ကျန်းချန် ကတော့ လုပ်ငန်းရှင်တွေနဲ့ စကား ပြောနေကြသည် ။

"ရှောင်လေး "

"အကိုမင်ယန် "

မျက်နှာချင်းဆိုင် ခုံမှာ မင်ယန် ထိုင်လိုက်သည် ။

"ရှောင်လေး ဝမ်ရိပေါ် နဲ့ လာတာလား "

"ဟုတ်ကဲ့ "

"ဟိုနေ့က အကို့ကို ကြောက်သွားလား "

"မကြောက်ပါဘူး.... အကိုမင်ယန် ဘာပြောစရာ ရှိလို့လဲ... မရှိရင် ကျွန်တော် ကိုကို့ ဆီ သွားလိုက်ဉီးမယ် "

"အကို ရှောင်လေးကို ချစ်တယ် "

ရိပေါ် စကား ပြောနေရင်း ရှောင်ကျန့် ကို ကြည့်တော့ လူတစ်ယောက်နဲ့ စကား ပြောနေသည် ။

"ကျန်းချန် ငါ ကလေးဆီ ခဏသွားဉီးမယ် "

"အင်း.. "

"ကျွန်တော် အကိုမင်ယန် ကို မချစ်ဘူး ကျွန်တော် ချစ်တာ ကိုကို ပါ  ကျွန်တော် လက်ထပ်ထားတဲ့ ကျွန်တော့် ယောကျာ်း ဝမ်ရိပေါ် ကိုဘဲ  ကျွန်တော် ချစ်တယ် "

ထို စကားတွေ ရိပေါ် ကြားတာမို့ ရပ်ကြည့်နေမိသည် ။

"အကိုက လိုချင်တာဆို ရအောင် ယူတတ်တယ် ဒါပေမဲ့ ကိုယ် ရှောင်လေးကို မရနိုင်တော့ဘူးဆိုတာ ဒီနေ့မှ ပိုသိသွားတယ် "

"........."

"အကို ကနေဒါ ပြန်တော့ မယ် မနက်ဖြန် ဆိုရင် ပြန်တော့ မှာ အကိုရှောင်လေး ကို နှုတ်ဆက်တယ်နော် "

"ဟုတ်ကဲ့ ကံကောင်းပါစေ အကို "

"အင်း ကျေးဇူး ဘဲ ရှောင်လေး "

မင်ယန် ထသွားမယ် လုပ်တုန်း နောက်ကို လှည့်ကြည့်တော့ ရိပေါ် ကို တွေ့သည် ။

"ငါ မနက်ဖြန် ဆို ပြန်တော့မှာ ရိပေါ် ရှောင်လေးကို လာနှုတ်ဆက်တာ မင်းကိုလည်း တစ်ခါတည်း နှုတ်ဆက်တယ်နော် "

"အင်း ကံကောင်းပါစေ မင်ယန် "

"ကျေးဇူး ဘဲ ဝမ်ရိပေါ် "

တစ်ကယ် ချစ်မိပြီ (Complete) Where stories live. Discover now