မောင့်လောင်းရိပ် (BL)

189 19 2
                                    

မောင်က သိပ်ကိုထူးဆန်းတဲ့ယောကျ်ား..။
ကျွန်တော့်ဘေးနားမှာရှိနေပေမဲ့ ကျွန်တော့်ကို ချစ်တယ်လို့ တစ်ခါမှ မပြောဖူးဘူး။ ဒါမှမဟုတ် ယောကျ်ားတစ်ယောက်ကို ချစ်တယ် လို့ပြောရမှာ မောင် ရှက်နေတာများလား။

သူက ကျွန်တော့်ထက် လပိုင်းလောက် ငယ်တာကြောင့် ကျွန်တော် သူ့ကို မောင်လို့ ခေါ်တယ်။ နှစ်ယောက်တည်းရှိတဲ့အချိန်တွေပေါ့။
လူအများအမြင်မှာတော့ ကျွန်တော်တို့က သူငယ်ချင်းတွေလေ။

"မောင်" ဆိုတဲ့ အခေါ်အဝေါ်အပေါ် မောင်က မငြင်းသလို သဘောကျတဲ့ အရိပ်အယောင်လည်း မပြခဲ့ဘူး။

မောင်က ကျွန်တော့်ကို နမ်းလည်း နမ်းဖူးတယ်။
မောင့်လက်ချောင်းသွယ်တွေ ကျွန်တော့်လည်တိုင်ကို အုပ်ကိုင်လာတဲ့အခါ ကျွန်တော့်တကိုယ်လုံး တောင့်သွားသလိုပဲ။

နူးညံ့တဲ့ အထိအတွေ့...။
ပူနွေးတဲ့ နှုတ်ခမ်းတစ်စုံ...။
နှစ်ကိုယ်တည်း ကြားနိုင်တဲ့ အသက်ရှူသံငွေ့ငွေ့..။
လှပတဲ့ အနမ်းတစ်ခု...။
မောင်ကလေ ရီဝေဝေနဲ့ ယစ်မူးစေတဲ့ ၀ိုင်တစ်ခွက်လိုပဲ။

"မောင်က ငါ့ကိုမချစ်ပါဘူး"
အဲ့လိုပြောတိုင်း မောင်က ခပ်ဟဟရယ်တယ်။ ကျွန်တော့်ဆံပင်တွေကို ဖွတယ်။ ဘာမှတော့ ပြန်မဖြေဘူး။ မောင်က အရူးလုပ်နေတာလား။ ကျွန်တော့်ကို တကယ်ပဲ မချစ်တာလား။
                                •••
အရိပ်ရတဲ့ သစ်ပင်အောက်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ စုထိုင်နေကြတယ်။ မောင်က ဂစ်တာတစ်လက်ကို ကိုင်ထားတယ်။
မောင်ဖန်ဆင်းတဲ့ ဂစ်တာသံ ငြိမ့်ငြိမ့်ညောင်းညောင်းလေးကြားမှာ မောင့်ကို ကျွန်တော် ငေးကြည့်နေခဲ့တယ်။ တချက်တချက် ပေါ်လာတဲ့ သွားစွယ်ဖြူဖြူလေးက ကျွန်တော့်ကို ရင်ခုန်စေတဲ့အချက်ဆို မှန်လိမ့်မယ်။

"နင့်ရဲ့ ချစ်သူဖြစ်လာမဲ့ သူကိုသိချင်လိုက်တာ"
မောင့်ဘေးက သူငယ်ချင်းမလေးက စကားစတော့ အကုန်လုံးက ခေါင်းငြိမ့်သဘောတူကြတယ်။ ရိုးအေးသလိုနဲ့ စိတ်ထားကောင်းတဲ့ မောင့်ကို ပိုင်ဆိုင်မဲ့သူဟာ အင်မတန်မှကံကောင်းသူပါလေ။
ကျွန်တော်ကကော မောင့်ကို ပိုင်ဆိုင်ခဲ့ဖူးလား ကျွန်တော်မသိ။

3AM ThoughtsWhere stories live. Discover now