Somebody that I used to know (GL)

288 23 1
                                    

"သမီးရဲ့ မေမေလေးကို နှုတ်ဆက်လိုက်ပါဦး"

မမရဲ့၀ိုင်းစက်စက်မျက်လုံးတွေဟာ ပိုပြီးပြူးကျယ်လို့။
ကျွန်တော်လည်း မတ်တပ်ရပ်လျက်သား ကြောင်အမ်းအမ်းနဲ့။

"ငါ နင့်ထက် ပိုက်ဆံတွေကိုပဲပိုချစ်တာ"
ဆိုပြီး ပစ်ပစ်ခါခါထားသွားခဲ့တဲ့ မမက ကျွန်တော့်အဖေရဲ့
နောက်ဇနီးတဲ့။

မယုံနိုင်စရာ..ဒါက တစ်နှစ်အကြာ ကျွန်တော်တို့ရဲ့ နောက်တစ်ကြိမ် တွေ့ဆုံမှုတဲ့လား...။
                             •••
ဖေဖေရဲ့ မိန်းမပွေရှုပ်မှုက မေမေရှိခင်ကတည်းကပေါ့။
မေမေက သိလျက်နဲ့ ချစ်တော့သည်းခံခဲ့ပါတယ်။
မေမေဆုံးပြီးတဲ့နောက် အဖေက ပေါ်တင်ခြေရှုပ်တော့တာပဲ။

အဖေ့ရဲ့မိန်းမလေးတွေကလည်း ကျွန်တော်နဲ့မှ မတိမ်းမယိမ်း။
မျက်စိရှက်တဲ့ ကျွန်တော်ကပဲ အိမ်ခွဲနေလိုက်ရတယ်။

အဖေ့ကိုစိတ်ထဲကမုန်းမိတာ တော်တော်ကြာကြာ။
မိန်းကလေးအချင်းချင်းသာ စိတ်၀င်စားတဲ့ မိန်းမ မဆန်တဲ့
ကျွန်တော့်ကိုလည်း အဖေက သဘောကျပုံမပေါ်။
အဖေ့အကူအညီမယူချင်တဲ့ ကျွန်တော်က ကိုယ့်ခြေထောက်ကိုယ်ရပ်ဖို့ ဖြစ်လာခဲ့တယ်။

ဘွဲ့ရပြီးခါစ ကျွန်တော်က တိုက်ခန်းသေးသေးလေးပဲ ငှားနိုင်တာရယ်။ကိုယ်ပိုင်ကားဆိုတာ ဝေးရောပေါ့။

မမ က ကျွန်တော်အလုပ်လုပ်တဲ့ ရုံးက၀န်ထမ်းမလေး။
မြင်မြင်ချင်း ရင်ခုန်ခဲ့ရတဲ့ မမက ကျွန်တော့်အချစ်ဦးပါပဲ။

လှပကျော့ရှင်းပြီး ခေတ်ဆန်တဲ့ မမကိုကျွန်တော်သာမက လိုချင်တဲ့သူတွေ အများကြီးပါလေ။
မမအချစ်ကိုရတော့ တစ်ရုံးလုံး၀ိုင်းအားကျကြတဲ့အဖြစ်ကို မှတ်မိပါသေးတယ်။

ညှို့အားပြင်းတဲ့ မမအလှတွေထဲ လက်ချောင်းသွယ်သွယ်လေးတွေက ကျွန်တော် သဘောကျဆုံးအစိတ်အပိုင်းပေါ့။လက်သူကြွယ်လှလှလေး မှာ ကျွန်တော်နဲ့ဆင်တူလက်စွပ်လေး ဆင်မြန်းပေးနိုင်ဖို့ကျွန်တော် အလုပ်တွေပိုပြီး ကြိုးစားခဲ့ပါတယ်။
                                  •••
မမဟာ သိပ်အကောင်းကြိုက်တယ်။ကျွန်တော်နဲ့ အတူတိုးဝှေ့ပြီး
ဘတ်စ်ကား မစီးချင်ဘူးတဲ့။taxiစီးတော့လည်း အဲယားကွန်းမပါတဲ့ကားငှားမိရင် စိတ်ကောက်တတ်ပါသေးတယ်။

3AM ThoughtsWhere stories live. Discover now