I For Immediately

455 62 11
                                    

Unicode

Yoongiတစ်ယောက် စဉ်းစားရင်းထိတ်လန့်အံ့ဩလာမိပြန်သည်။ လူတစ်ယောက်ကထိုမျှရက်စက်မည်တဲ့လား...ထိုလူသားကားလူမှဟုတ်လေရဲ့လား.. ။ Jeon‌ နေရာမှာသူသာဆို သေတောင်သွားနိုင်လေသည်။

Flashback.
..
..
"Busan ကိုရောက်တော့ အဘွားကကြမ်းပြင်ပေါ်မှာ သွေးတွေနဲ့လဲကျနေခဲ့တာ... အရေးပေါ်ကားခေါ်ပြီး ဆေးရုံတင်ခဲ့ပေမယ့် အချိန်မမှီခဲ့ဘူးhyung... အဘွားက.. အဘွားက လောကကြီးကနေထွက်သွားခဲ့ပြီ... "

တုန်ရင်နေသောအသံတို့ဖြင့် ဆိုလာသူကိုကြည့်မိတော့ သွေးကြောတွေယှက်နွယ်‌ေနသောပါးပြင်မှာ ငွေရောင်လဲ့လဲ့ပုလဲလုံးလေးများ ခကြွေလာခဲ့သည်။ ဒီအချိန် သူတကယ်နှစ်သိမ့်ပေးချင်သည်။ ဒါပေမယ့် သူဘယ်ကစပြီးနှစ်သိမ့်ပေးရပါမည်နည်း.. ။

"နောက်တော့ အမေကပါကျွန်တော့်ရှေ့ အသတ်ခံခဲ့ရတာ... ဘယ်လိုသတ်ခဲ့လဲသိချင်လားhyung"

စကားပြောနေရင်းမှ ကိုယ့်အားပြန်မေးလာသောသူကြောင့် အနည်းငယ်ကြောင်အသွားခဲ့သည်။
သိချင်သည်လို့ပြောရင်လည်း အနာဟောင်းကိုသွားဆွမိသလိုဖြစ်မည်။ မသိချင်ဘူးဟုငြင်းရန်လည်း စိတ်ကမပါသည်တော့အမှန်ပင်။ စပ်စုတာတော့မဟုတ်ဘူးပေါ့။ သူကပြောချင်နေတာလေ။

"ပြောလေ..Jeon ရင်ဖွင့်လိုက်ပါ..."

"ဓါးနဲ့မွှန်းခံရပြီး သွေးထွက်လွန်ပြီးသေတာတဲ့... အဲ့တုန်းကဆို အမေကမျက်နှာတစ်ပြင်လုံး အမေကြိုက်တဲ့အနီရောင်တွေရဲလို့... ဂါဝန်အနီရောင်လေးနဲ့ပေါ့... ကျွန်တော်ဝင်သွားတော့ အမေ့ကိုသတ်ခဲ့တဲ့လူတစ်ယောက်က နီရဲနေတဲ့ ဓါးတစ်ချောင်းကိုကိုင်ပြီး တစ်ဖက်ကဝိုင်တစ်ခွက်ကိုကိုင်ထားခဲ့တယ်... ပြီးတော့ ကျွန်တော့်ကိုတွေ့သွားလို့ ကျွန်တော်ပြေးခဲ့တယ်... သူကအနောက်ကနေကားနဲ့လိုက်နေခဲ့တယ်...
တစ်နေရာရောက်တော့ ကျွန်တော့်အရိုးတွေကျိုးကြေသွားသလို ခံစားလိုက်ရတယ်... တစ်ကိုယ်လုံးနာကျင်နေခဲ့တယ်... နောက်ဆုံးကြားလိုက်ရတာက... မင်းသေသွားရင်ကောင်းမယ် အဲ့ဒါမှမင်းမြင်ခဲ့တာတွေ ပြောပြလို့မရတော့မှာတဲ့လေ"

B L I N D (Completed)Where stories live. Discover now