အမှောင်ထုဖြင့် စိုးမိုးထားသော ညတစ်ညတွင် နောက်ဖေးလမ်းကြား၌ မာန်ဖီသံ ခပ်သဲ့သဲ့။
နှစ်ကာလကြာလာသည့်နှင့်အမျှ သမန်းဝံပုလွေများအတွက် အစာများရှားပါးလာသည်။
မျိုးစိတ်တွေလည်း သိပ်မကျန်တော့တာကြောင့် လန်ဒန်မှာ အရေအတွက်အနည်းငယ်သာရှိတော့သည်။ လူသားများမှာဆိုလျှင် ရှိတယ်လို့တောင် မထင်ကြတော့ချေ။"ဂီး~"
"ကယ်..ကယ်ကြပါဦး။
ခွေးမဲကြီး လိုက်ကိုက်နေတယ်။"၆နှစ်အရွယ်ကလေးမလေးတစ်ယောက်မှာ နောက်ဖေးလမ်းကြားထဲ အော်ဟစ်အကူအညီတောင်းနေသည်။ သူ့ဘဝမှာ သမန်းဝံပုလွေကို တခါမှမမြင်ဖူးခဲ့သောကြောင့် ခွေးဟုသာ ထင်နေမိခဲ့။
ဆာလောင်နေသော ထိုသမန်းဝံပုလွေမှာ ရှေ့ဆက်တိုးလာနေဆဲ။ အညိုရင့်ရောင်မျက်လုံးတွေဟာ သန်းခေါင်ယံမှာ ထိန်လင်းနေခဲ့သည်။
ထို့အပြင် မိုးစက်၊မိုးပေါက်များကြောင့် အသံကသိပ်မသဲကွဲ။ လမ်းမီးတိုင်က အလင်းရောင်ဟာလည်း မြင်ရတယ်ဆိုရုံလောက်သာ။"ကယ်ကြပါဦး။"
ကလေးမလေးရဲ့ အာခေါင်ခြစ် အော်သံဟာ လမ်းထိပ်က လူတစ်ဦးဆီကိုတော့ ရောက်သွားခဲ့သည်။ ထိုလူသည် အမြဲကိုင်ဆောင်ထားသော ပစ္စတိုကို အသင့်ပြင်ကာ အော်သံထွက်လာရာ လမ်းကြားသို့ ဦးတည်လျှောက်လာနေသည်။
"သြော်...လက်စသတ်တော့ သမန်းဝံပုလွေပဲ။"
ထိုလူ၌ နက်မှောင်သော ဆံနွယ်များ ပိုင်ဆိုင်ထားပြီး လူလတ်ပိုင်းအရွယ်ခန့်ရှိသည်။ဂျင်းကုတ်အင်္ကျီအထူကြီးဖြင့် စတိုင်ဘောင်းဘီမှာ လူမိုက်တစ်ယောက်နှင့် ဆင်တူစေသည်။
သူသည် တခြားလူတွေထပ် သမန်းဝံပုလွေအကြောင်းကို ပိုသိတာကြောင့် မြင်တာနဲ့ ချက်ချင်းခွဲခြားနိုင်သည်။"ဟေ့..ကလေးမပြေးတော့။"
ကြမ်းပြင်ပေါ်လဲနေသော ကလေးမလေးမှာ ကုန်းထပြီး လှည့်မကြည့်စတန်းပြေးလေတော့သည်။ အစာပျောက်သွားသော သမန်းဝံပုလွေတစ်ကောင်မှာမူ ဒေါသတွေက ပစ္စတိုကိုင်ထားသော လူဆီသို့။
"ငါ့ကိုမင်းမာန်ဖီယုံနဲ့ကြောက်မယ်ထင်နေလား။"
"ပစ္စတိုထဲမှာ ထည့်ထားတာ ငွေကျည်ဆန်နော်။"