အပိုင်း(၁၃)-သူငယ်ချင်းရဲ့ သတိပေးမှု

1.6K 146 3
                                    

[Unicode]

Home (13)


Jihyo တစ်ယောက် နှလုံးခွဲစိတ်ဆရာဝန်လေး Lisa က သူ့ကို ဖြတ်တိုက်သွားပြီး ဘာစကားတစ်ခွန်းမှလည်း ‌မပြောသွားတဲ့အခါ ကြောင်တောင်တောင်ဖြစ်သွားရတယ်။ သူက Lisa ကို Jungkook Oppa ဆီ သွားလည်မယ့်ကိစ္စအကြောင်း မေးခဲ့သေးတာ။ သူတို့နှစ်တိုင်း အတူတူသွားလည်နေကြဆိုတော့လေ။ ဒါပေမယ့် Lisa ရဲ့မျက်နှာက စိတ်ခံစားချက်မဲ့နေပြီး မျက်နှာသေကြီးနဲ့။ Lisa က ဒီကိစ္စအကြောင်းပြောရင် စိတ်ထိခိုက်လွယ်တယ်။ ဒါကြောင့် သူတို့တွေ အဲ့အကြောင်းပြောရင် အသိမ်‌မွေ့ဆုံးအထာနဲ့ ပြောရတာ။ Lisa ရဲ့စိတ်အခြေအနေကိုကြည့်ပြီး မေးသင့်တယ်ဆိုမှမေး။ ပြီးရင် Lisa ရဲ့ပြန်စကားကို  စောင့်ကြရတာပေါ့။ Jihyo အဲ့လိုနည်းလမ်းမျိုး သုံးတယ်။

မေးပြီးသည့်အခါတိုင်းမှာလည်း Lisa က အံ့ကြိတ်ထားပြီးမှ သက်ပြင်းကို ချပြီး ‌'ကောင်းပြီလေ' ဆိုတဲ့ ခပ်တိုးတိုးအဖြေရလာတက်တယ်။ ဒါပေမယ့် ဒီအကြိမ်မေးတော့ Lisa က Jihyo ပြောတာတွေကို နားထောင်နေပုံတောင် မရဘူး။

"‌ဟေး ကံကောင်းတာပဲ နင်တို့တွေ ရှိနေတယ်"
Jihyo က သူမ သူငယ်ချင်းတွေကို နှုတ်ဆက်လိုက်တယ်။ သူ ဗိုက်ဆာနေတာဆိုတော့ ခွဲစိတ်ဌာနက နားနေခန်းမှာ စားစရာများရှိမလား လာကြည့်တာ။ တခြား ဘာစကားမှ ထပ်မပြောဘဲ ရေခဲ‌သေတ္တာဆီတန်းသွားပြီးတော့ မွှေနှောက်ရှာတော့တယ်။

"ငါ ခုနလေးတင် Lisa ကို တွေ့လိုက်သေးတယ်။ မနက်ဖြန် Jungkook Oppa ဆီသွားလည်ရင် အဆင်ပြေမလားလို့ မေးကြည့်တာ။ သူကြည့်ရတာ သရဲလိုကြီး။ သိတယ်မလား စိတ်ခံစားချက်မရှိ အသေကောင်လို လေးလေးပင်ပင်ကြီး လမ်းလျှောက်နေတာမျိုးလေ"

Jihyo လည်း ပြောရင်းဆိုရင်း ပလက်စတစ်ဘူးကို ဖွင့်ကြည့်တော့ ကြက်ကြော်တွေ့တာနဲ့ ပါးစပ်ထဲထည့် ဝါးလိုက်တယ်။
"အဲ့အချိန်ဖြစ်ပြီးကတည်းက သူ ဒီလိုဖြစ်နေတာကို မမြင်ဖူး...."

Seulgi နဲ့ Jisoo ရဲ့မျက်နှာမှာလည်း အဲ့လိုပုံစံမြင်လိုက်ရတော့ Jihyo စကားစရပ်သွားတယ်။

"ဘုရာရေ နင်တို့တွေ ဘာလုပ်လိုက်ပြန်ပြီလဲ"

"ငါ.. ငါ သူကို သွားရှာရမယ်။ ငါ့အမှားတွေချည်းပဲ"
Seulgi က ထိုင်နေရာကနေ အကုန်းအရုန်းထတယ်။

Home (MM Translation)Where stories live. Discover now