အပိုင်း(၂၉)-(၂) အချိန်တန်တယ်ဆိုတာ မရှိဘူး

1.2K 125 8
                                    

[Unicode]

အပိုင်း(၂၉)-(၂) အချိန်တန်တယ်ဆိုတာ မရှိဘူး

Jennie နဲ့အတူတူ ကရ ရယ်ရတာကြောင့် Lisa ပင်ပန်းလာ၏။ သူမက ပင်ပန်းလာပေမယ့် ထိုမိန်းကလေးမှာတော့ အားယုတ်လာခြင်း မရှိ။ သူမလေးမှာ Lisa အဖေနဲ့ ဆက်ကနေ‌တာကြောင့် ဆရာဝန်မလေးမှာတော့ စားပွဲခုံထောင့်လေးမှာ Seulgi နဲ့ ထိုင်နေသည်။ Wendy က သန့်စင်ခန်းဝင်နေတာကြောင့် သူတို့ နှစ်ယောက်သာ ရှိနေသည်။

"ဒီနေ့လို နေ့မျိုး တကယ်ကြီး ဖြစ်လာလိမ့်မယ်လို့ ယုံတောင် မယုံ‌နိုင်ဘူး။ ငါတို့ထဲက တစ်ယောက် အခု မိသားစု ရှိလာပြီ"

"နင်ပြောသလိုပဲ" Lisa ရေသောက်လိုက်ပြီး ချွေးသုတ်လိုက်သည်။ "ငါတို့ဆေးကျောင်းပြီးတာ မနေ့ကလိုပဲ သိလား။ အခု သူက ဇနီးတစ်ယောက်ဖြစ်သွားပြီး မကြာခင်မှာ ကိုယ်ဝန်သည်အမျိုးသမီး ပြီးတော့ အမေဖြစ်လာမယ်။ နောက် အဖွားဖြစ်လာရင် သေဆုံးသွားမယ်" Lisa မျက်ခုံးကြုပ်လိုက်၏။

Seulgi က Lisa ကို 'ဘာကြီးလဲ' ဆိုတဲ့ အကြည့် ကြည့်လာ၏။

"ငါတို့ အသက်ကြီးလာပြီ Seulgi" သူမ သေသေချာချာပြောလိုက်၏။

"ငါတို့ အသက် မကြီးသေးပါဘူး။ ငါတို့ အသက်တွေ ကြီးလာပေမယ့်။ ဒါပေမယ့် အသက်ကြီးနေတုန်းပဲရှိသေးတယ် အခုထိ မဟုတ်သေးဘူး"

သူတို့ တိတ်ဆိတ်သွားကြ၏။

"ငါလည်း လိုချင်တယ်" Seulgi လည်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ "Jihyo ရသွားတဲ့ မိသားစုဆိုတဲ့အရာကို ငါလည်း လိုချင်တယ်"

"Wendy လည်း လိုချင်မယ် ထင်လား"

"မသိဘူးလေ ဒါပေမယ့် လက်စွပ်ကတော့ တစ်နေ့တစ်ခြား ပိုလေးလာသလိုပဲ"

Lisa ခေါင်းလှည့်လိုက်ကာ တခြားမိန်းကလေးကို မယုံကြည်နိုင်သလို ကြည့်လာ၏။

"ဘာ"

"ငါမှာ လက်စွပ်ရှိတယ် Lisa ။ အခု ကားထဲမှာ"

"နင် နောက်‌နေတာလား"

Seulgi အသက်တစ်ချက်ရှူထုတ်လိုက်၏။ "ဘာလို့နောက်ရမှာလဲ။ ကြည့်ချင်လား"

သူတို့တွေ အဖြူရောင်ပြိုင်ကားလေးဆီ ဦးတည်လိုက်ပြီ အထဲဝင်လိုက်ကြ၏။

Home (MM Translation)Where stories live. Discover now