၁၂၄
3.6K 580 7
အပိုင်း (၁၂၄)
ထိုချိန်က ယန်ရှုယွီသည် ထိုလူဖက်သို့ လှည့်လိုက်ပီး သူ့အား အပြုံးလေးတစ်ခု လျင်မြန်စွာပေးလိုက်ကာ "အင်း ယွမ်ပေါင်က ညတိုင်း အိပ်ယာဝင်တဲ့အခါ သူ့ကို ပုံပြင် ဖတ်ပြစေချင်တယ်လေ ဒါပေမယ့် စိတ်မပူပါနဲ့ သူက အိပ်ပျော်တာမြန်ပါတယ်"
"မလောပါနဲ့" ဟု ကျိုးချင်းဟယ်က ညင်သာစွာပြောလိုက်သည်။ သူ့ဆီမှာ ခြေတံရှည် လက်တံရှည်တွေ ရှိသည်။ သူလုပ်ပေးရမှာက ရှေ့သို့ အနည်းငယ်လှမ်းလိုက်ရုံသာဖြင့် ယန်ရှုယွီ၏လက်ထဲသို့ စာအုပ်ကို ထည့်ပေးလိုက်နိုင်သည်။ ဒါပေမယ့် ဒီလိုလှမ်းပေးတာက သိပ်ကြည့်မကောင်းဘူးလို့ သူခံစားလိုက်ရသည်။ ဒါကြောင့် သူမတ်တပ်ရပ်လိုက်ပီး ယန်ရှုယွီနားသို့ လျှောက်သွားလိုက်ကာ သူမလက်ထဲသို့ စာအုပ်ကို ထည့်ပေးလိုက်သည်။ ယန်ရှုယွီသည် သူ့လုပ်ရပ်ကြောင့် အံ့အားသင့်သွားတာကြောင့် မြန်မြန်ပဲမတ်တပ်ထရပ်ကာ သူ့ဆီကနေ စာအုပ်ကို ယူလိုက်သည်။ "ကျေးဇူးပြုပီး ထိုင်နေပါ အချိန်သိပ်မကြာပါဘူး"
ကျိုးချင်းဟယ်သည် အစောနကနေရာဆီပြန်မသွားပေ။ သူသည် သူမနောက်နားတွင်ရပ်နေပီး အိပ်ယာထဲက ကလေးလေးကို ပြုံးပြလိုက်ပီး "ကောင်းသောညပါ ယွမ်ပေါင်"
"ကောင်းသောညပါ အန်ကယ်ကျိုး" သူ့ကို ညသိပ်ပေးတာ သိပ်မကြာပါဘူးလို့ ယန်ရှုယွီကနေ ခဏခဏပြောနေတာကြောင့်ဖြစ်လောက်မည်၊ ရင့်ကျက်သည့် ကျန်းယွမ်ကျားသည် အန်ကယ်ကျိုးကို တစ်ချက်ကြည့်လိုက်ပီး သူ့မေမေကို ပြောလိုက်သည်။ "မေမေ သားဒီနေ့ အိပ်ချင်နေပီ သားကို ပုံပြင်ဖတ်ပြဖို့ မလိုတော့ဘူး"
"တကယ်လား?" ယန်ရှုယွီသည် သံသယဝင်သွားသည်။ "အရင်တစ်ခေါက် မေမေအိမ်ပြန်နောက်ကျတုန်းက သားက မေမေ့ကိုတောင် မအိပ်ပဲစောင့်နေသေးတာလေ"
ကျန်းယွမ်ကျားသည် အန်ကယ်ကျိုးကို နောက်တစ်ခေါက်ကြည့်လိုက်ပီး မျက်နှာလေးရဲသွားကာ သူမအား စိတ်ချသွားအောင် ပြောလိုက်သည်။ "ဒါပေမယ့် သား ဒီနေ့ တကယ် အရမ်းကိုအိပ်ချင်နေပီ ဒီနေ့ မမတုန်တုန်အိမ်မှာ အများကြီးကစားထားတာ"