🚉For My Readers🚉

1.5K 81 47
                                    

*Zawgyi*

စာဖတ်ပရိသတ်များအားလုံး မင်္ဂလာပါ🙏။ကျေးဇူးတင်စကားဆိုရင် မဖတ်ဘဲ ကျော်သွားကြမှာစိုးလို့ "For Readers"ဆိုပြီးခေါင်းစဉ်တပ်ထားတာ။ ပြောချင်တာကတော့ ကျေးဇူးတင်စကားပါပဲ..အဟိ။ပထမဦးစွာ ဒီFicကို လိုက်ပါပေးပြီး ဝေဒနာရထားကြီးကိုအတူတူစီးပေးကြတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်မိပါတယ်။Ficတစ်ပုဒ်ကို အချိန်ပေးပြီး ခရေစေ့တွင်းကျ ခံစားချက်အစစ်တွေနဲ့ဖတ်ပေးဖို့က လွယ်တဲ့ကိစ္စမှမဟုတ်တာရယ်

နောက်တစ်ခုပြောချင်တာကတော့ နောက်တင်မယ့်Ficတွေရှိပါသေးတယ်။ နောက်ထပ်တွေ့ချင်ပါသေးတယ်။ဒါပေမဲ့ လာမည်..ကြာမည်ပေါ့နော်။AccလေးကိုFollowလုပ်ပြီးတော့လည်း အားပေးသွားကြပေါ့။

နောက်ပြီး ဒီဇာတ်လေးအကြောင်း...။

Marriage Lifeဇာတ်လေးတောင်းဆိုကြတာတွေများလို့ရေးပေးလိုက်တာပါ။ ဘာရယ်မဟုတ်ဘူး။ပေါ့ပေါ့ပါးပါးလေးပဲရေးပြီး ဆုံးခါနီးကျမှ Dramaခပ်ပါးပါးလေးချိုးမယ်ပေါ့။ပြီးမှ Dramaက လက်လွန်ကြက်သွန်ဖြစ်သွားတာတော့ ကိုယ့်အပြစ်ပါပဲ..အဟီး။

ဒီဇာတ်လမ်းက ၅လနဲ့၁ရက်သားပါ(25.1.2021 to 26.6.2021)ထိပေါ့။ ကြားထဲမှာ မအလတွေလုပ်လို့ အကြောင်းအမျိုးမျိုးကြောင့် ၅လမကြာစဖူးကြာသွားခဲ့တယ်။အခုလိုခွဲရတော့မယ်ဆိုတော့ ငါးလတာသံယောဇဉ်ဖြစ်ခဲ့တဲ့ကလေးတွေကို တကယ်မခွဲချင်ဘဲခွဲရလေပြီ။

ဒီFicကိုရေးတာPlotတွေအများကြီးချပြီးမှရေးတာမျိုးဖြစ်တာမို့ အများကြီးခေါင်းစားခဲ့ရတာတွေရှိသလို မမျှော်လင့်ထားတဲ့ဟာလေးတွေ ဇာတ်ထဲထည့်ရေးမယ်ဆိုပြီးစဉ်းစားလိုက်တာ အိပ်ရေးပျက်ခဲ့တဲ့ညများစွာလည်းရှိပါတယ်။ကြိုက်နှစ်သက်ကြလိမ့်မယ်လို့လည်းယုံကြည်ပါတယ်။

Extraကိစ္စ။Extraကတော့ လုံးဝမရှိတော့ပါဘူး။ကိုယ်ရော၊ရီဒါတွေရော နာကျင်ခံစားရမယ့်ကိစ္စမျိုးမလုပ်ချင်တော့ပါဘူး။Extraဆက်ရေးဖြစ်ခဲ့ရင် ဘာဆက်ဖြစ်မလဲခန့်မှန်းမိကြတယ်မလား😩။အဲ့တော့ No Extraပါ။

ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်လို့တော့ပြောလို့ရတယ်။ဇာတ်လမ်းထဲမှာ ဒေါ်ကြာဖြူနဲ့တည်ကြည်တို့ပြဿနာတက်ကြတဲ့အခန်းတွေဟာ တကယ့်အပြင်မှာ ကိုယ့်ရင်တွင်းဖြစ်အတွေ့အကြုံတွေပါလို့။ ပြီးတော့ တည်ကြည်ရောဂါဖြစ်တာကလည်းဗြုန်းစားကြီးဖြစ်လိုက်တာမဟုတ်ပါဘူး။ ရှေ့ပိုင်းတွေကိုသာသေချာဖတ်ကြည့်မယ်ဆိုလျှင် တည်ကြည် မိုးရေထဲခဏခဏထွက်တာတွေ တွေ့မှာပေါ့။အဲ့မှာ အဆုတ်ကအဲ့လိုဖြစ်သွားတယ်ပေါ့နော်။နောက်ပြီး Chemoကိစ္စ.. Chemoမသွင်းတော့တာ ဇာတ်ကမလိုအပ်ဘဲရှည်ကြာနေမှာစိုးလို့ပါ။ ပြီးတော့ ဒီထဲပါတဲ့ဆေးပညာတွေကလည်းလေ ကိုယ့်စိတ်ကူးနဲ့Googleကို ရောထားတာဆိုတော့ လိုအပ်တာရှိသွားလျှင်လည်းတောင်းပန်ပါတယ်။

ဝဒေနာရထား{Completed}Where stories live. Discover now