8

2.1K 498 8
                                    

(U)

Baekhyun အသက်ရဲ့ ထိပ်စည်းဂဏန်းက
သုံးအဖြစ်ပြောင်းလဲသွားသည်နှင့် အမူအကျင့်လေးတွေအစ တဖြည်းဖြည်းပြောင်းလဲလာသည်။

စတွေ့ကာစကလို ဂျစ်တစ်တစ်လုပ်တာမျိုးမဟုတ်၊
သို့သော် ပြောစကားနားထောင်ကာ လိမ္မာသည့်ပုံစံမျိုးလည်းမဟုတ်၊ လူကြီးလေးတစ်ယောက်လို ရင့်ကျက်သည့်အသွင်
ဖမ်းခြင်းဖြစ်သည်။

အရင်ကဆို အိမ်မှာနေရင်တွေ့ရာအဝတ်ကောက်ဝတ်ပြီး ပေါ့ပေါ့ပါးပါးပဲ နေတတ်သည့်ကောင်လေးက အခုတော့အချိန်ပြည့် suit ဝတ်ထားကာ gentle man တစ်ယောက်လို ရှိုးထုတ်တတ်သေးသည်။

'' မင်းလေး အခုတလော အရင်ကနဲ့မတူတော့ဘူးနော် ''
ဟု Chanyeol ပြောလိုက်ရင် အသက်သုံးဆယ်အရွယ်ရောက်နေပြီ၊ ရင့်ရင့်ကျက်ကျက်နေရတော့မှာပေါ့ဟု ပြန်ပြောတတ်သေးသည်။

ရင့်ကျက်တာနဲ့ suit ကဘယ်လိုတွေ အဆက်အစပ်ရှိလဲလို့ Chanyeol တွေးလို့မရ။

ဘယ်လောက်ပဲ လူကြီးဆန်အောင် suit ဝတ်ထားဝတ်ထား၊ Chanyeol မျက်လုံးထဲမှာတော့ Baekhyun ကအဝတ်ပုံထဲနစ်နေသည့် ကြောင်ဖြူလုံးလေးလိုပင်။

'' စီးကရက်တွေ မသောက်ပါနဲ့လား ''

အိမ်မှာသောက်လေ့သောက်ထမရှိပေမဲ့ Baekhyun ရုံးခန်းကိုအကြောင်းကိစ္စရှိ၍ ဝင်သွားလိုက်တိုင်း စီးကရက်လက်ကမချသည့် Baekhyun ရဲ့ပုံစံက Chanyeol ကို မွန်းကြပ်စေသည်။

မီးညှိလိုက်သည်မှာ စီးကရက်တောင့်လေးဖြစ်သော်ငြား ပူလောင်ရသည်မှာ Chanyeol နှလုံးသားပင်ဖြစ်သည်။

'' စီးကရက်သောက်တာ မကောင်းဘူး Kyoong ''

Chanyeol သတိပေးတဲ့အခါတိုင်း Baekhyunက
ပြုံးမြဲပြုံးလျက်သာ၊ အရင်လိုပြန်မပြောတော့။

သို့သော် နားလည်းမထောင်၊ ပြန်မပြောနားမထောင်ဆိုသည်မှာ Kyoong မှ Kyoong အစစ်။

' ကောင်းတဲ့စီးကရက်ကို ကိုကိုမှမသောက်ဖူးဘဲ၊ စီးကရက်အနံ့ကိုက အစဆွဲဆောင်မှုရှိနေတာ '

' ကိုကို့ကို စီးကရက်သောက်ဖို့တော့ အတင်းမတိုက်တွန်းပါဘူး၊ဒါပေမယ့် ကိုကိုတစ်ခါလောက်တော့ try သင့်တယ် '

HOW LONG [COMPLETED] Where stories live. Discover now