9

2K 497 5
                                    

(U)

'' ဆားနည်းနည်းထည့်ပါ ''

'' ဟင်းခတ်မှုန့်နည်းနည်းထည့် ''

'' ကြက်သွန်လှီးတဲ့အခါ အရမ်းမထူစေနဲ့၊ ပြီးတော့အရမ်း မပါးပါစေနဲ့၊ ''

သင်တန်းက ဆရာမငယ်ငယ်လေးရဲ့ပို့ချချက်တွေကြား Baekhyun လက်လေးတွေလည်း သွက်လက်စွာလှုပ်ရှားနေမိသည်။

အသက် ၄၀ ကျော်မှ ဟင်းချက်သင်ချင်သည့်စိတ်က ဘယ်ကနေဘယ်လိုအမြစ်တွယ်တာလဲမသိ၊ ဓားကိုင်ကာ လှီးချွတ်နေရင်၊ အေပရွန်လေးဝတ်လိုက်ရရင်၊ ဟင်းချက်နေရရင်ကို အလိုလိုပျော်နေခြင်းပင်။

ငယ်ငယ်ကမလုပ်ခဲ့ရသမျှ အသက်၄၀ ရောက်မှ ဝါသနာအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေပြီ၊ တစ်ခါတလေ မီးဖိုချောင်ထဲမှာလည်း ဟင်းအမျိုးအမည်တွေတစ်မျိုးပြီးတစ်မျိုး ချက်နေရင်းတစ်နေကုန်သွားသည့် နေ့တွေတောင်ရှိသည်။

ထမင်းစားပွဲမှာ ဟင်းတွေပုံနေလို့ တစ်ခါတလေတစ်ပတ်စာဆိုပြီး ရေခဲသေတ္တာထဲကိုခွဲထည့်ထားရသည့် ဟင်းဘူးတွေမှမရေမတွက်နိုင်။

Chanyeol ကတော့ တကယ့်ပါရမီဖြည့်ဖက်ကောင်းပီသစွာ Baekhyun ဟင်းချက်သင်တန်းတက်မည်ဆိုရင်လည်း ကိုယ်တိုင်လိုက်ပို့သည်၊ မီနူးအသစ်တွေထွင်မည်ဆိုရင်လည်း ဈေးကိုကိုယ်တိုင်လိုက်ပို့၊လိုက်ကြိုကာ အကြိုအပို့လုပ်ပေးသေးသည်။

ပိတ်ရက်တွေမှာ Baekhyun ဟင်းချက်နေသည့်အချိန်တွေဆိုရင် မီးဖိုချောင်ထဲကိုဝင်မလာပေမဲ့ ရစ်သီရစ်သီတော့လုပ်နေတတ်သည်။

Baekhyun စိတ်ဖြောင့်ဖြောင့်နဲ့ သူလုပ်ချင်တာတွေအကုန် နောက်ဆံမတင်းဘဲလုပ်နိုင်ဖို့အတွက် အလုပ်ကနေအနားပေးလိုက်သည်။

ဟင်းလေးများချက်နေရရင် ခင်ပွန်းလည်းမေ့၊ အရာအားလုံးမေ့။ ဟင်းချက်စွမ်းရည်ကတော့ တော်တော်တိုးတက်လာမည်ဟုပြောရမည်၊ အရင်လိုရေနွေးဆူဆူထဲ ကြက်ဥအလုံးလိုက်ကြီး ခွဲထည့်တဲ့ကောင်လေးက အခုတော့ဘယ်ဟင်းမဆို လာထား၊အကုန်ချက်နိုင်တယ်ဟု စိန်ခေါ်နိုင်သည့်ဦးလေးကြီးပင်ဖြစ်နေရောပေါ။

Baekhyun ရဲ့တိုးတက်လာသည့် ဟင်းချက်အရည်အချင်းတွေနှင့်အတူ ထိုးကျလာသည်က Chanyeol အမေ၏ကျန်းမာရေးအခြေအနေပင်။

HOW LONG [COMPLETED] Where stories live. Discover now