Night With SEX

5.5K 278 7
                                    

ပေါက်ကွဲပြီး ရင်ထဲရှိသမျှခံစားချက်တွေကို ငိုယိုပြီးရှိုက်ကြီးတစ်ငင်နဲ့ပြောနေတဲ့ Luhan ကိုကြည့်ပြီး Sehun တစ်ယောက် ကြောင်တောင်တောင်နဲ့ ရပ်ကြည့်နေမိတယ် ညနေစောင်းပြီမို့ ပန်းခြံထဲမှာရှိတဲ့ လူအနည်းစုသာသူတို့နှစ်ယောက်ရဲ့ အခြေအနေကိုကြည့်ပြီး ဝေဖန်နေကြတယ် ကောင်မလေးရဲ့ ပေါက်ကွဲပြီးပြောနေတဲ့ ဘာသာစကားကိုသူတို့နားမလည်ပေမဲ့ ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ လူအားလုံးကတော့ ကောင်မလေးကိုသနားနေကြမှာ သေချာနေတယ်

Luhan တစ်ယောက်ပြောချင်တာပြောပြီးမောလာတော့ ခေါင်းအောက်စိုက်ပြီး ရှိုက်ကြီးတစ်ငင်သာငိုနေလိုက်တော့တယ် ပြောစရာစကားတွေမရှိတော့ပေမဲ့ မျက်ရည်တွေကတော့ကျန်နေသေးတယ်လေ

ခေါင်းငိုက်စိုက်ထားတဲ့ Luhanရဲ့မျက်ဝန်းတွေရှေ့ကို အနက်ရောင်ရှုးဖိနပ်တစ်စုံလာရပ်တယ် Luhan လဲမော့ကြည့်လိုက်တော့ တစ်ရှုးလေးလာကမ်းပေးတဲ့ ကောင်လေးတစ်ယောက် မဟုတ်သေးဘူး သူမရဲ့ချစ်ရဆုံးသူ Sehun ဖြစ်နေတယ။်

Sehunး ရော့ မငိုနဲ့တော့ မျက်ရည်တွေသုပ်လိုက်ဦး

Luhan လဲ Sehun ပေးတဲ့ တစ်ရှုးနဲ့ပဲသူမရဲ့မျက်ရည်တွေကိုသုပ်လိုက်တယ်

Sehun လဲ သူမလက်ထဲကအထုပ်တွေအကုန်လုံးကိုပြောင်းကိုင်ပြီး

Sehunး သွားမယ်လေ မဝယ်ပါနဲ့တော့ မင်းစိတ်မကောင်းဖြစ်ရင် နောက်ကနေဖြည်းဖြည်းလိုက်ခဲ့ ငါကားထဲမှာပဲစောင့်နေမယ်

Luhan လဲ ခေါင်းငြိမ့်ပြပြီး Sehun သွားတဲ့နောက်ခပ်လှမ်းလှမ်းကနေပဲလိုက်ခဲ့လိုက်တယ်

ညဖက် ဟိုတယ် ခန်းထဲမှာ Luhan တစ်ယောက် ပြန်ရောက်ကတည်းကခုထိစကားလည်းမပြောပါဘူး သူလုပ်စရာရှိတာပဲလုပ်နေလိုက်တယ် Sehun လဲ Luhan ကိုတစ်လုံးမှမပြောပါဘူး ညဖက် ရေချိုးပြီးအိပ်ရာဝင်ခါနီးကြတော့ Luhan လဲ ကိုယ့်ခေါင်းအုံးကိုယ်ဆွဲပြီး ဆိုဖာမှာအိပ်ဖို့နေရာချလိုက်တယ် အဲ့အချိန်မှာ Sehun ရေချိုးခန်းထဲကနေထွက်လာပြီး ဆိုဖာမှာအိပ်ဖို့နေရာချနေတဲ့Luhan ကိုမြင်သွားတော့

Sehunး မင်းဒီနေ့ငါနဲ့ အတူတူလာအိပ်လိုက်ပါ အာ့မဟုတ်သေးဘူး နေ့တိုင်းမင်းငါနဲ့အတူလာအိပ်ပါ ဆိုဖာမှာမအိပ်နဲ့တော့

Suprise news for LUHANWhere stories live. Discover now