Welcome Back KRIS

2.8K 320 15
                                    

မနက်မိုးလင်းတော့ Luhan ကျောင်းဝတ်စုံဝတ်ပြီး ကျောင်းသွားဖို့ပြင်လိုက်တယ် မနေ့ညက Sehun အခန်းရှေ့မှာလာတောင်းပန်တာသူမကြားပါတယ် ဒါပေမဲ့ သူမဖွင့်မပေးခဲ့ဘူး အပေါ်ထပ်ကနေအောက်ထပ်ကိုဆင်းလာတော့ Sehun ထမင်းစားခန်းထဲမှာ ထိုင်နေတာတွေ့တယ် Sehun luhan ကိုကြည့်ပြီး

Sehunး ကျောင်းသွားမလို့လား မသွားနဲ့ဦး မင်းသတင်းကကျောင်းမှာတော်တော်ပျံနေမှာ

Luhanး ပြန့် လဲ ဘာလုပ်ရမှာလဲ သူတို့ကဘာမို့လို့ကြောက်နေရမှာလဲ

Sehunး မင်းဂလန့်မတိုက်နဲ့ ငါစေတနာနဲပြောနေတာ

Luhanး ဘာ စေတနာဟုတ်လား ဒီမှာ Oh Sehun ရှင် Lu ဘဝကိုချယ်လှယ်နေတာ တော်တော်များနေပြီ မနေ့ကအထိ ရှင်ကြိုးဆွဲရာကမဲ့ Luhan ဆိုတာ သေပြီ ရှင်သတ်လို့သေပြီ ဒီနေ့ဒီအချိန်ကစပြီးကျွန်မက လွန်ခဲ့တဲ့သုံးနှစ်က Luhan ပြန်ဖြစ်သွားပြီ Oh sehun ဆိုတဲ့ လူကိုမမြင်ဘူးခဲ့တဲ့ Luhan ပြန်ဖြစ်သွားပြီ ဒါရှင်မြဲမြဲမှတ်ထား

Luhan တံခါးကိုဝုန်းခနဲ မြည်အောင်ဆွဲပိတ်လိုက်တယ် ထမင်းစားပွဲမှာထိုင်ရင်းLuhan ပြောသွားတာတွေကို အကြောင်သားငေးကြည့်နေတဲ့ Sehun ခဏကြာတော့စားပွဲမှာတင်ထားတဲ့ပန်းကန်တွေကို ဒေါသတကြီးနဲ့ရိုက်ခွဲလိုက်တယ်

Sehunး အားးးးးးးးးးးးးးး LUHANNNNNNNNNNN•

LUHAN တစ်ယောက်ကျောင်းရှေ့ရောက်တော့ ကျောင်းရှေ့မှာလူအုပ်ကြီးတစ်အုပ်တွေ့တယ် ဒါပေမဲ့ ကျောင်းဝတ်စုံတွေကတစ်ယောက်နဲ့တစ်ယောက်မတူကြဘူး ဒါတွေသူမဂရုမစိုက်ပါဘူးမဆိုင်သလိုပဲကျောင်းဝင်ပေါက်ကိုဝင်ဖို့ဦးတည်လိုက်တယ် သူမဦးတည်လိုက်တယ်ဆိုရင်ပဲ လူအုပ်ကြီးက သူမကိုထူးဆန်းသလိုမသတီသလိုအံ့သြနေသလို ရှုံ့မဲ့နေသလိုမျက်နှာထားမျိုးစုံနဲ့ဝိုင်းကြည့်ကြတယ် သူမဒီလောက်ဆို ရိပ်မိသွားပါပြီ ဒါသူမသတင်းကိုကြားလို့တခြားကျောင်းကလာကြည့်ကြတဲ့လူတွေဆိုတာ သူမရွေ့ရှားနေတဲ့ခြေထောက်တွေ ရပ်တံ့သွားတယ်ရှေ့တိုးရမလားနောက်ပြန်လှည့်ရမလားဆိုပြီး စဉ်းစားမိတယ် နောက်ဆုံးတော့လဲ အတက်နိုင်ဆုံးစိတ်တင်းပြီး တစ်လှမ်းခြင်းလှမ်းဝင်ခဲ့တယ် လူအုပ်ကြီးကိုဖြတ်နေတဲ့အချိန်မှာ သူမကိုမထိတထိပြောတဲ့အသံတွေရော တည့်ပြောတဲ့လူတွေရောသူမကြားပါတယ် ဂရုမစိုက်ပဲရှေ့သာတိုးပြီးဆက်လျှောက်မိတယ်

Luhan'pov

LU မကြောက်ဘူး Lu ကြရှုံးလို့မဖြစ်ဘူး Luhan နင်စိတ်တင်းထားစမ်း ပြောင်းလဲတာတော်ရုံပဲကောင်းတယ်လွန်ခဲ့တဲ့ သုံးနှစ်က Luhan ဘဲနင်က ဟုတ်တယ် Lu ကြားပါတယ် သူတို့ပြောဆိုနေကြတဲ့အသံတွေကိုလေ Lu ကို မထိတထိနဲ့ပြောနေတာတွေ အဖေဘယ်သူလဲ ဆိုတာရော တခြားကျောင်းကကျောင်းသူလေးဗိုက်ကြီးလို့ တော်တော်နန့်တဲ့အမျိုးထဲကလို့ထင်တာ ဘယ်ဟုတ်မလဲမခုတ်တက်တဲ့ကြောင်လိုရုပ်တဲ့ Lu ကြားပါတယ် Lu ပြန်ပြောမနေတော့ပါဘူး ခုချိန်မှာရှေ့ဆက်ပြီးခါးစီးခံဖို့ပဲရှိတော့တယ်

Lu အတနိးထဲဝင်သွားတော့လဲမျက်လုံးပေါင်းများစွာ ဝိုင်းကြည့်နေကြတယ် Sehun ကတော့ တစ်ချက်တောင်လှည့်မကြည့်ဘူးလေ ထားလိုက်ပါ ချီးမွန်း၇ရက်ကဲ့ရဲ့၇ရက်တဲ့

Luhan စိတ်ထဲကနေစကားတွေပြောရင်းထိုင်ခုံ့မှာဝင်ထိုင်လိုက်တယ် ခဏကြာတော့ဆရာမဝင်လာတယ် နောက်မှာလဲကျောင်းသားတစ်ယောက်ပါလာတယ်

Trး ကဲ အားလုံးငြိမ်ငြိမ်နေ ကျောင်းသားတစ်ယောက်ထပ်တိုးတယ် သားအတနိးဖော်တွေနဲ့မိတ်ဆက်လိုက်ပါဦး

Studentး Hi တွေ့ရတာဝမ်းသာပါတယ် ငါ့နာမည် Kris ပါ မှတ်မိကြသေးရဲ့လား

Kris ဆိုတဲ့ကောင်လေးမိတ်ဆက်အပြီး အတန်းထဲကလူတွေအကုန်လုံးကြောက်ရွံတဲ့မျက်လုံးတွေအဖြစ်ပြောင်းလဲသွားတယ် တစ်ယောက်သောသူရဲ့ကျေနပ်တဲ့အပြုံးကလွဲရင် ပေါ့ ဆရာမက Kris ကို Luhan ဘေးနားဝင်ထိုင်ခိုင်းလိုက်တယ် Kris ထိုင်အပြီးLuhan လှည့်ပြီးနှုတ်ဆက်လိုက်တယ်

Luhanး Welcome Back Kris .့

Suprise news for LUHANWhere stories live. Discover now