* ငါညကမင်းကိုဘာလုပ်လိုက်သေးလဲ*
ကျတော်တည်တည်ငြိမ်ငြိမ်ပဲမေးလိုက်တယ်...
*မမှတ်မိဘူးလား.....မင်းငါ့ကိုအိမ်အတင်းခေါ်သွားခိုင်းတယ်လေ*
//တကယ်ကြီးလား...ညကကျတော်တော်တော်လွတ်နေတဲ့ပုံပဲပြီးတော့သူကလည်း..စွဲမက်စရာလေးကို...//
*ငါတကယ်အဲ့လိုပြောခဲံ့တာလား*
ကျတော်ကြောက်ကြောက်လန့်လန့်နဲ့မေးလိုက်တယ်
*မမှတ်မိဘူးလား....ညကငါနဲ့တောင်တူတူအိပ်...*
*ရပြီဆက်မပြောနဲ့တော့*
ကျတော်ညကသူ့နဲ့တကယ်ဟိုဟာလုပ်ခဲ့တာပဲ...0moမျက်နှာပူလိုက်တာ....
*ကိုယ်မင်းကိုအခွင့်အရေးယူသလိုဖြစ်သွားလား*
//ဟင့်အင်းမဖြစ်ဘူး....လုံးဝမဖြစ်ဘူး....တကယ်ဆိုငါကစပြီးအခွင့်အရေးယူခဲ့တာပါ//
* arnyi...ငါအရင်စခဲ့တာပဲ*
//ahh ငါဒါကိုတကယ်ပြောလိုက်တာလား//
သူ့ကြည့်ရတာပျော်သွားသလိုပဲ
*ဒါနဲ့မင်းနာမည်ဘယ်လိုခေါ်.....*
* Irinkale မှာသွားစားကြမလားမင်းကြည့်ရတာ pancake မစားချင်တဲ့ပုံပဲ*
သူစကားဖြတ်ပြောလိုက်တယ်
//Irinkale?? ကျတော်ကြားဖူးတယ်....ဒါနဲ့သူကျတော်မစားချင်တာဘယ်လိုလုပ်သိသွားပါ
လိမ့်//
ကျတော်ခေါင်းငြိမ့်ပြလိုက်တော့သူချက်ချင်းကျတော့လက်ကိုလာဆွဲတယ်....ပြီးတော့ကျတော်ညကသူ့နဲ့အိပ်စက်ခဲ့တဲ့အခန်းဆီခေါ်သွားတယ်....
* ရော့အကျီလဲ*
ကျတော်ကိုအကျီတစ်စုံလှမ်းပေးတယ်...ကျတော်လည်းကြောင်ကြောင်ကြီးယူပြီးရပ်နေတယ်...ဟင့်အင်းငေးတာဆိုပိုမှန်မယ်....ငေးတာလားငမ်းတာလားတော့မသိ...