My Drunkard

7.8K 506 14
                                    

*sehun?*

တကယ်‌ပဲ sehun လား..ကျွန်‌‌တော်‌မျက်‌စိမှား‌နေတာလား..

သူကျွန်‌‌တော့ကိုဆက်‌စရာအ‌ကြောင်းမရှိဘူး‌လေ..

ရှိရင်‌‌တောင်‌ဖုန်းဆက်‌မှာမှမဟုတ်‌တာ... ကျွန်‌‌တော့ကိုမချစ်‌လို့ပြစ်သွားခဲ့တဲ့သူ‌လေ...

*luhan shii ကိုင်‌လိုက်‌‌လေ*

Xiumin ‌ပြောလိုက်‌မှကျွန်‌‌တော်‌ သတိဝင်‌ပြီး ဖုန်းကိုင်‌လိုက်‌တယ်‌...အခုထိ‌တော့နည်းနည်း‌ကြောက်‌‌နေ‌သေးတယ်‌..ဖုန်းဆက်‌ပြီး luna အ‌ကြောင်း‌ပြောရင်‌ဘယ်‌လိုလုပ်‌မလဲ

*yeoboseyo*

ကျွန်‌‌တော်‌မ၀ံ့မရဲ‌လေးနဲ့ပဲ‌ပြောလိုက်‌တယ်‌..

*nae! ဒီဖုန်းပိုင်‌ရှင်‌အခုအရမ်းမူး‌နေလို့ လာခေါ်ပေးပါ ဆိုင်‌လည်း ပိတ်‌‌တော့မှာမို့လို့ပါ*

Hk~~ ကျွန်‌‌တော်‌အရမ်း‌မျှော်‌လင့်‌မိသွားလား?

*ဘာလို့ကျွန်‌‌တော့ကိုမှ‌‌ရွေး‌ခေါ်ရတာလဲ..ဖုန်းပိုင်ရှင်က ကျွန်တော့်ကို အလိုမရှိဘူးဆိုဘယ်လိုလုပ်‌မလဲ ကျွတ်*

ကျွန်‌‌တော်‌လဲ sehun ဆက်‌တာမဟုတ်‌လို့ကတစ်‌‌ကြောင်း... ဒီ‌နေ့သူတို့၂ယောက်ကိုသ‌ဘောတူခဲ့ရလို့ ညစ်‌‌နေတာကတစ်‌‌ကြောင်း ဆို‌တော့သူ့ကိုပဲစိတ်‌ဆိုးဆိုးနဲ့‌အော်‌လိုက်‌မိတယ်‌...

*nae? အဲ့လိုမဖြစ်အောင်‌လို့ ကျွန်‌‌တော်‌ ဧည့်သည်ရဲ့ နံပါတ်‌ တစ်‌ ကိုပဲနှိပ်‌လိုက်‌တာပါ ‌ကျေးဇူးပြုပြီးမြန်‌မြန်‌လာ‌ခေါ်‌ပေးပါ ဆိုင်‌လည်းပိတ်‌‌တော့မှာမို့လို့ပါ...*

နံပါတ်‌ ၁? ကျွန်‌‌တော်‌ကနံပါတ်‌ ၁တဲ့လား...သူ့အတွက်‌နံပါတ်‌ ၁ တဲ့လား....ကျွန်တော့်ကိုဘာလို့ နံပါတ် ၁ မှာထားထားတာလဲ? သူလိုအပ်ရင် အလွယ်တကူအသုံးချဖို့လား? ကျတော်ကသူပြောတိုင်းမငြင်းတတ်ခဲ့လို့လား? 

ကျွန်‌‌တော်‌‌ တော်‌‌တော်‌တော့ ၀မ်းသာသွားတာ‌တော့အမှန်‌ပါ..

ဟုတ်‌တယ်‌‌လေ..ကျွန်‌‌တော်‌ကဘာကြောင့်ပဲဖြစ်ဖြစ် သူ့ရဲ့နံပါတ်‌ ၁ ‌နေရာ‌မှာရှိ‌နေတယ်‌ဆိုတဲ့အသိက ကျွန်တော့်ကိုပျော်ရွှင်စေတယ်....

Forbidden Calf LoveWhere stories live. Discover now