နတ်ဆိုးခြွေဒဏ္ဍာရီ Volume(1) အပိုင်း(၁)

2.5K 155 73
                                    

Uni ver:

"နတ်ဆိုးခြွေဒဏ္ဍာရီ "

Volume (1) : “လှပသော မြေခွေးပျိုမ‌လေး”

အပိုင်း〖၁〗
ယောင့်ကျင်း ပဏ္ဍိတသုံးဦး


" မြစ်ဝါမြစ်အား‌ ကျော်ဖြတ်ရန် ကြံရွယ်သော် ရေခဲစိုင်များကား မြစ်ကိုပိတ်ဆို့ထားသည်တည့်~~ ထိုက်ဟန်တောင်အား တက်မည်ပြုသော်လည်း တစ်တောင်လုံးဆီးနှင်းများ လွှမ်းခြုံနေ‌ပေသည်တကား~~~"

မျက်စိတစ်‌ဆုံး ကျယ်ပြန့်လှသော မှိုင်းပြာရောင် အဇဋာ*၊ အမြဲတစေဆီးနှင်းများ လွှမ်းခြုံနေပါသော ထိုက်ဟန်တောင်ထွတ်နှင့် မိုးကုပ်စက်ဝိုင်း၌ မျောလွင့်နေပါသော တိမ်လွှာများမှာ သီးခြားခွဲထုတ်၍မရ‌သောအရာတစ်ခုကဲ့သို့ ပေါင်းစည်းနေပေသည်။ ဤနေရာသို့ သာမန်ငှက်များ မရောက်ရှိနိုင်ဘဲ သိမ်းငှက်ဖြူအနည်းငယ်သာ ထိုအမြင့်နေရာ၌ ရစ်ဝဲလျက် အရိုးခိုက်မတတ်အေးလှပါသော လေပြင်းများနှင့် ဆုံတွေ့ကာ ပြာရင့်ရောင် ကောင်းကင်ဘုံပေါင်းမိုးအောက်တွင် စွန်းထင်းနေသော ဆေးစက်လေးအလား တည်ရှိနေပေသည်။

ဧရာမငှက်ကြီးမှာ လက်သည်းထဲ၌ အနှီးထုပ်‌လေးအား တင်းကျပ်စွာကုပ်ချီထားပြီး တိမ်လွှာအထပ်ထပ်ကို ကျော်ဖြတ်ကာ တောင်ပံဖြန့်လျက်‌ပျံသန်းနေပေသည်။ ဆည်းဆာရောင်ခြည်အောက်ရှိ တောင်ပံများမှာ စီး‌‌မျောရွေ့လျားနေသော ရွှေရောင်အလင်းတန်းများအား ရောင်ပြန်ဟပ်နေလျက်။ ၎င်းသည် တစ်ဟုန်ထိုး ဦးစိုက်ဆင်းလိုက်ပြီး တိမ်လွှာမြူနှင်းများ ပိတ်ဖုံးကာဆီးနေပါသော တောင်ထွတ်ဆီသို့ပျံသန်းနေပေသည်။ တိမ်လွှာမြူမှုန်များအား ဖောက်ထွက်ပြီးသည့်နောက် တောင်ချွန်းများ ဝန်းရံထားသည့် ထိုက်ဟန်တောင်ထွတ်အလယ်၌ ရင်သပ်ရှုမောဖွယ်ရာ ခမ်းနားကြီးကျယ်လှသော ရွှေနှင့်ကျောက်စိမ်းအတိပြီးသည့် နန်းတော်ကြီးတစ်ခု ပေါ်ထွက်လာ‌လေသည်။ နန်းတော်၏ အပြင်ဘက် မျက်နှာစာမှာ ဆည်းဆာရောင်ခြည်အောက်၌ အနီရောင်မီးတောက် အလွှာတစ်ထပ် ခြယ်မှုန်းထားသည့်အလား တောက်ပနေပေသည်။

နတ်ဆိုး‌ခြွေဒဏ္ဍာရီ ( Tian Bao FuYao Lu)Myanmar TranslationWhere stories live. Discover now