နတ်ဆိုးခြွေဒဏ္ဍာရီ Volume (1) အပိုင်း-၆

602 78 34
                                    

Uni ver:

"နတ်ဆိုးခြွေဒဏ္ဍာရီ "

Volume (1) : "လှပသော မြေခွေးပျိုမ‌လေး"

အပိုင်း〖၆〗
တစ်ပါးသူ၏ အရိပ်အောက်၌ မှီခိုနေရခြင်း

မိုးတိတ်သွားပြီးနောက် ကောင်းကင်မှာ ကြည်လင်လာပေပြီ။ ချန်အန်းမြို့၏ ကြည်လင်ကျယ်ပြောလှသော ဆောင်းဦးကောင်းကင်သည် နီလာရောင်သန်းလျက်~~~။ လမ်းတစ်လျှောက်ရှိ ‌ဆိုင်ခန်းငယ်များမှ ပင်လုံးကြိုင်ပန်းရနံ့များမှာလည်း ထုံသင်း မွှေးပျံ့နေလေသည်။ ဟုန်ကျွင့်သည် *နေကာပင်အောက်မှနေ၍ အားဖြင့် ကန်ချလိုက်လေရာ ရွက်လွှာပေါ်၌ စုဆောင်းထားသော ညသိပ်မိုးရေများမှာ တစ်ဝေါဝေါ ကျဆင်းလာလေတော့သည်။ သူသည်ထိုမိုးရေဖြင့် မျက်နှာအား သန့်စင်လိုက်ပြီး‌နောက် အနည်းငယ်အားသောက်လိုက်ကာ နေကာရွက်နှစ်ရွက်ကို ခူး၍ နှုတ်ခမ်းနားတေ့လျက် အသံမြည်အောင် မှုတ်လိုက်လေသည်။

(*နေကာပင်=တရုတ်လိုဆို梧桐树(Wu Tong)လို့ခေါ်ပါတယ်။ သူက မေပယ်မျိုးနွယ်ဝင်ဖြစ်တာကြောင့် မေပယ်ရွက်နဲ့ဆင်ပါတယ်။ သူကနေရောင်ကိုကာပေးတဲ့ အရိပ်ရပင်ပဲ။ သူ့ရဲ့ပင်စည်ကို တရုတ်တူရိယာ (ဥပမာ-ဗျပ်စောင်း)လုပ်တဲ့နေရာတွေမှာလည်းသုံးပါတယ်)

(*နေကာပင်=တရုတ်လိုဆို梧桐树(Wu Tong)လို့ခေါ်ပါတယ်။ သူက မေပယ်မျိုးနွယ်ဝင်ဖြစ်တာကြောင့် မေပယ်ရွက်နဲ့ဆင်ပါတယ်။ သူကနေရောင်ကိုကာပေးတဲ့ အရိပ်ရပင်ပဲ။ သူ့ရဲ့ပင်စည်ကို တရုတ်တူရိယာ (ဥပမာ-ဗျပ်စောင်း)လုပ်တဲ့နေရာတွေမှာလည်းသုံးပါတယ်)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Wu Tong ( နေကာပင်)
( အခုဟုန်ကျွင့် ချန်အန်းရောက်နေတဲ့အချိန်က ဆောင်းဦးရာသီဆိုတော့ နေကာပင်အရွက်လေးတွေက ပုံမှာပြထားသလိုအဝါရောင်တောက်တောက်ဖြစ်နေမှာပါ။)

" ဘယ်လိုလုပ်ကြမလဲ-----"
ငါးကြင်းနတ်ဆိုးမှာ အဝတ်ထုတ်ထဲမှနေ၍ မိုးပြိုတော့မည့် အမူအရာဖြင့်ပြောလေသည်။

နတ်ဆိုး‌ခြွေဒဏ္ဍာရီ ( Tian Bao FuYao Lu)Myanmar TranslationWhere stories live. Discover now