part-1

63 4 0
                                    


Zawgyi..

သာမန်ရပ်ကွက်လေးတစ်ခုရဲ့
လုံးချင်းတိုက်ပုလေး..
မကြီးမသေးအနေတော်လေးကြောင့်
ထိုအိမ်လေးဟာ တကယ်နေချင်စရာပင်။

လမ်းမီးပြပြထွန်းထားပြီး တံခါးတော့သော့
ခတ်ထားသည်။အဓိပ္ပါယ်က ဘယ်သူမှမဝင်ရပေါ့။
လမ်းတစ်ဖက်ထောင့်ကနေ ထိုမီးလင်းနေတဲ့တိုက်ပု
လေးရဲ့ထောင့်ဆုံးအခန်းလေးကို ငေးကြည့်ရင်း..
နှုတ်ခမ်းပါးတို့က မသိမသာတွန့်ချိုးမိသည်။

အထဲမှာ သူရှိတယ်ဆိုတဲ့အသိလေးကြောင့်
နွေးထွေးမိပြန်သည်။ဒါကိုပြောတာဖြစ်မယ်...မြင်သာ
မြင်ရပြီး မကျဉ်ရဘူးဆိုတာ..။

လမ်းဘေးတစ်ဖက်တစ်ချက်က မို့မှောင်ရိပ်လည်း
သန်းပြီးအပင်တစ်ပင်ပါ ကွယ်ထားတာကြောင့်
ထိုဝါကြဉ်ကြဉ်ရောင်သန်းနေတဲ့ အခန်းလေးက
ကြည့်ရင်..ဘာမှမြင်ရမှာမဟုတ်။

နာရီအတော်ကြာ ငေးကြည့်ရင်း ထိုမီးရောင်
လေးပျောက်ကွယ်မှသာ....သူသဘောကျစွာ
ရယ်မိရင်း..လက်ထဲကဆေးလိပ်ကိုတစ်ချက်
တည်း ရှိုက်သွင်းလိုက်သည်။

ထို့နောက်မှ ထိုဆေးလိပ်ကိုလက်ကြားထဲညှက်ရင်း
ဘေးနာက ဖင်ထောင်ဆိုင်ကယ်ပေါ်သို့ တက်ပြီး..
ထိုတိုက်လေးအား နောက်ဆုံးအကြိမ်ဖြင့် တစ်ချက်
ငေးကြည့်ပြီး အရှိုန်တင်ကာ မောင်းနှင်သွားတော့သည်။

ညတိုင်းက ငါ့အတွက်တော့ အထီးကျန်စွာပင်
ကောင်းကင်ပေါ်ကလမင်းကြီး နဲ့အပြိုင်အဖော်မဲ့
နေတဲ့ကိုယ့်ကိုလည်းအားငယ်မိတယ်..

တစ်နေ့တော့ဆိုတဲ့ အသိလေးကြောင့်
အခုချိန်ထိရှင်သန်နေတယ်ထင်ပါ့..
မျှော်လင့်နေရဦးမလား...လက်ပဲလွှတ်လိုက်
ရမလား...ဒါမှမဟုတ်...မမြင်ချင်ယောင်ဆောင်
ပေးရမလား...အတွေးတို့ကရောက်ယှက်ခက်နေ
အဖြေမရှိတဲ့ပုစ္ဆာလို ငါဘဝကမင်းမရှိတော့ မပြည်စုံ
ဘူးရယ်...မသိတာလား မမြင်တာလားငါ့အချစ်ကို

မျက်နှာမြင်တိုင်းရှောင်ဖယ်နေတာက ဘာသဘော
လည်း...ငါပြုံးပြတိုင်း အကြည်လွှဲတာကကော....
ငါ့စကားဆိုဂရုမစိုက်ပဲ မသိချင်ယောင်ဆောင်နေတာ
ရော...တကယ်ပဲမင်းကငါ့ကိုဘာလိုမှသဘောမထား
လား...ထယ်ရယ်..

A Beautiful Love StoryWhere stories live. Discover now