ဒုတိယနှစ် ။
"ငြိမ်း မတွေ့တာကြာလို့ထင်တယ် နည်းနည်း ပိုလှလာတယ်"
တစ်ရက်ကြိုရောက်နေတဲ့ မောင်ရဲ့ ကားဂိတ်လာကြိုရင်း ပြောတဲ့စကား။
၂လလုံးမဆက်သွယ်လာလို့ဆိုးချင်နေတဲ့စိတ်တွေက ထိုစကားလေးနဲ့ ပျံထွက်သွားကြသည်။ စိတ်ဆိုးပိုင်ခွင့်လည်း ငြိမ်းမှာ မရှိပါဘူးလေ။
"နင့်ဆံပင်တွေကမညှပ်တော့တာလား "
"ငြိမ်းက မကြိုက်လို့လား"
"မဟုတ်ပါဘူးဟယ် နင်ထားချင်ရင်ထားပေါ့ နင့်သဘောပဲလေ"
"ငါမေးတာကရှင်းပါတယ် ငြိမ်းရ နင်မကြိုက်ဘူးလားလို့ နင်မကြိုက်ရင် ပြန်ညှပ်လိုက်မယ်"
"အင်း နည်းနည်းတော့နောက်ကကြည့်ရတာရှည်သလိုလိုပဲ"
တခါတလေ အဓိပ္ပါယ်တစ်မျိုးဖြစ်အောင် စကားပြောတတ်တဲ့ မောင့်ကို သဘောမကျ။ ဘာကြောင့်ဒီလိုပြောရပါသလဲ။ ကျွန်မမကြိုက်ရင် မလုပ်ဘူးတဲ့လား။
ပထမနှစ်က နှဖူးပေါ်ကျတယ်ဆိုရုံ ဆံပင်ဖြောင့်ဖြောင့် တို့က သပ်တင်လို့ရအောင် ရှည်နေပြီ။ ဘယ်ပုံစံနဲ့ဖြစ်ဖြစ် ကြည့်ကောင်းသော မောင် က ဆံပင်ရှည်ကြောင့်လူကြီးပိုဆန်လာသလိုထင်ရသည်။
မောင်ဟာတစ်ခါတစ်လေ လူကြီးဆန်တတ်တာကို မနှစ်ကတည်းက များစွာမြင်တွေ့ဖူးသည်။ workshop ချိန်မှာ မောင်နဲ့ team အတူတူကျသော မိန်းကလေးများကိုအမြဲမနာလိုခဲ့ရသည်။ မိန်းကလေးများကို ညှာတာတတ်သော မောင့်ကြောင့် သူတို့ေတွဟာ အုတ်ခဲသယ်တာမျိုးလို ပင်ပန်းတာတွေ မလုပ်ခဲ့ရ။ မောင်တို့အဖွဲ့ အရင် အလုပ်ပြီးသော နေ့များတွင်မူ မောင်ကကျွန်မ တို့အဖွဲ့သား ဖြစ်သွား၏။အဲ့လိုနေ့မျိုးတွေမှာ ကျွန်မတို့ teamကကောင်လေးတွေရဲ့ စနောက်တာကို မောင်ကပြုံးပြုံးကြီးခံနိုင်ပေမဲ့ ကျွန်မကတော့ မျက်နှာပူတာလိုလိုပျော်တာလိုလို ။ ခံစားချက်ကမျက်နှာမှာပေါ်နေမှာမဟုတ်ပေမဲ့ပေါ့။သူတို့မောင့်ကို ခေါ်တာက ကိုငြိမ်းမောင် တဲ့
လေ။
YOU ARE READING
မောင်
Short Storyတစ်ခါ မှမလှုပ်ခတ်ဘူးတဲ့ရင်ဘယ်ဘတ်ခြမ်းကတော့ သူနဲ့ပတ်သတ်ရင် ဆတ်ဆတ်ထိမခံခြင်း